မျက်ဖြူလန်ပြီး အန်လာလို့ အရေးပေါ် ဆေးရုံတင်လိုက်ရတဲ့ သမီးကြီးရဲ့ ကျန်းမာရေး အခြေအနေကိုပြောပြလာတဲ့ အိအိတုန်
ပြည်သူချစ် ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အိအိတုန်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာသူတစ်ယောက် ဖြစ်ပါတယ်။ အိအိတုန်ကတော့ အနုပညာသည်တစ်ယောက်ဆိုပေမယ့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်ရင်း အလုပ်တွေကို နေ့မအားညမအား လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ အိအိတုန်ကတော့ ဟော့ဒေါ့ချောင်းစားပြီး အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ သမီးလေးကို တော်တော်လေး စိတ်ပူခဲ့ရပြီး သမီးလေးလိုလည်း အခြားကလေးတွေမဖြစ်ရအောင် မေမေတွေကို ဂရုစိုက်ကြဖို့ သတိပေးစကားလေးပြောလာခဲ့တာပဲဖြစ်ပါတယ်။အိအိတုန်က “ဂရုစိုက်ပြီး ဖုန်းဆက်ပြီးရော messမှာပါ သမီးလေးကို မေးပေးကြတဲ့ ချစ်ရတဲ့အမ၊ညီမများ ကျေးဇူးတင်ပါတယ် ကလေးတွေကို လုံးဝ ဟော့ဒေါ့မကျွေးပါနဲ့နော် အဲ့တာစားပြီးမကြာဘူး အန်တာ
ဆေးရုံပြေးတဲ့အချိန် မျက်ဖြူလန်သလိုဖြစ်နေတော့ ဆောက်တည်ရာမရ ခြေတုန်လက်တုန်နဲ့ ထပ်အန်ရင် ဆေးရုံပြန်ပြေးရမှာ အခုကမအန်တော့လို့သမီးလေးဘေး ဂရုစိုက်နေလို့ ပြန်မဖြေဖြစ်ရင် စိတ်မဆိုးပါနဲ့နော်🙏 အခုတော့သက်သာပါပြီ ပြန်မဖြေနိုင်တာ စိတ်မဆိုးပါနဲ့နော် မိခင်တယောက်ရဲ့ဇောကပ်နေလို့ပါ
ကလေးတွေဖြစ်လာရင် မခံစားနိုင် တစ်ညလုံး မအိပ်နိုင် ထိုင်စောင့်ပြီး စိတ်ချရမှ သက်ပြင်းချနိုင်တယ် သမီးလေးကိုချစ်ပြီး လှမ်းမေးပေးကြလို့ တကယ်ကျေးဇူးတင်ပါတယ် သားသမီးဖြစ်ရင် အဲ့သောကကဘာနဲ့မှမတူအောင် ခံစားရလို့ မဖြစ်အောင်ဂရုစိုက်ကြပါနော် မေမေတို့🙏”ဆိုပြီးရေးလာတာပဲဖြစ်ပါတယ်။
Be the first to comment