ဘဝမှာပိုက်ဆံမပြတ်ဘဲ အမြဲအဆင်ပြေနေရတဲ့ သူရဲ့လှို့ဝှက်ချက်ကို ပြောပြလာတဲ့ဆယ်လီနေဆန်း

ဘဝမှာ ပိုက်ဆံမပြတ်ဘဲ အမြဲအဆင်ပြေနေရတဲ့ သူရဲ့လှို့ဝှက်ချက်ကို ပြောပြလာတဲ့ ဆယ်လီနေဆန်း

ပရိသတ်ကြီးတို့ရေ ဆယ်လီနေဆန်းကတော့ ဟာသဗီဒီယိုများစွာကို လူမှုကွန်ယက်ထက်မှာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ခဲ့တဲ့အတွက်ကြောင့် ပရိသတ်တို့ရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ ဆယ်လီတစ်ဦးပဲ ဖြစ်ပါတယ်နော်။အခုတစ်ခါမှာဆိုရင်တော့ ဆယ်လီနေဆန်းက မိဘတွေအပေါ်သိတတ်လို့ ပိုက်ဆံပြတ်ပြီး အဆင်မပြေတာမျိုးမရှိခဲ့ဘူးဆိုပြီးအခုလိုပြန်လည် ပြောပြလာခဲ့ပါတယ်နော်။

ဆယ်လီနေဆန်းက “ပိုက်ဆံရတဲ့ အလုပ်ဆိုတာ ဘယ်အရာမဆို မပင်ပန်းတာ မရှိဘူး၊ အကုန်လုံး ပင်ပန်းတာ ချည်းဘဲ၊ Facebook မှာ ကြော်ငြာရိုက်ပြီး ပိုက်ဆံရနေတာကိုလည်း ဘယ်ကရလဲဆိုပြီး အမေးခံခဲ့ရတယ်၊ ဓါတ်ပုံလေးရိုက်ပြီး ပိုက်ဆံလွယ်လွယ် ရနေတယ်

ပြောခံရတယ်၊ ကြော်ငြာ တစ်ခုရိုက်ဖို့ ဇာတ်ညွှန်း စဉ်းစားရတာ အရမ်းပင်ပန်းတယ်၊အလုပ်အရမ်းများလို့ ဆံပင်တွေတောင် ဖြူနေပြီ၊ မိဘတွေအပေါ်သိတတ်လို့ ပိုက်ဆံပြတ်ပြီး အဆင်မပြေတာမျိုး မရှိခဲ့ဘူး”ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*