တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ဖြစ်နေတဲ့ တာချီလိတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် တရားရုံး လမ်းဆုံ၊ နန်းရွှေကျင်(၃)ရှေ့မှာ မိသားစုနဲ့ လမ်းလျှောက်နေတဲ့ အမျိုးသားကို အမည်မသိ အမျိုးသားတစ်ဦးက ဓားနဲ့ခုတ်ပြီး ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ (၁၆)ရက်၊ မနက်(၁)နာရီခွဲမှာ အသက်(၂၆)နှစ်အရွယ် ကိုအားဖျော့ဆိုသူကို အမည်မသိ အမျိုးသားတစ်ဦးက ဓားနဲ့ဝင်ခုတ်ခဲ့တာ ဖြစ်တယ်လို့ ဦးလှမိုး တာချီလိတ် လူမှုကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဖုန်းဆက်တော့ ည(၁)နာရီခွဲနေပြီ။ဒဏ်ရာတွေရထား တော့ သွားပြီးကူညီတာပါ။ခေါင်းနဲ့ခါးမှာ ဓားဒဏ်ရာ တွေ ထိထားတယ်။ဘယ်လိုတွေကြောင့် ဖြစ်တယ်ဆို တာတော့ သေချာမသိဘူး။လူတစ်ယောက်က ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားတယ်လို့တော့ ပြောတယ်”လို့ သူကပြောပါတယ်။
ဓားခုတ်ခံရသူ ကိုအားဖျော့ဟာ ပါကွေ့ရွာမှာ နေထိုင်သူဖြစ်ပြီး သူ့ကို ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအသင်းမှ တာချီလိတ် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
Be the first to comment