“ဖေကြီးကို တောင်းဆိုခွင့်ရမယ်ဆိုရင်”ဆိုပြီး ခံစားချက်လေးတွေကို ပြောပြလာတဲ့ ဂျမ်းတောလေး
ပရိသတ်ကြီးတို့ရေ သရက်ကင်ဈေးသည်လေး ဂျမ်းတောကိုတော့ မသိတဲ့သူမရှိပါဘူးနော်။မိဘနဲ့ မောင်နှမတွေအပေါ်မှာ အနစ်နာခံပြီး ဈေးရောင်းကျွေးခဲ့တဲ့ ဂျမ်းတောလေးရဲ့ သိတတ်တဲ့စိတ်တစ်ခုထဲကြောင့် အခုအခါမှာတော့ သူမရဲ့ဘဝလေးဟာ မြင့်မားတိုးတက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ဂျမ်းတောလေးကို မွေးစားပေးခဲ့တဲ့ မွေးစားမိခင်ဖြစ်သူ မချူးချူးက သူမရဲ့အိမ်ကိုခေါ်ထားပြီး အတန်းပညာသင်ကြားစေပြီး ပြုစုပျိုးထောင်ပေးနေတာပဲ ဖြစ်ပါတယ်။
အဖြူရောင် နှလုံးသားပိုင်ရှင် မချူးချူးရဲ့ နွေးထွေးမွန်မြတ်တဲ့ စိတ်ထားလေးကြောင့် ခုချိန်မှာ ဂျမ်းတောလေးရဲ့ဘဝဟာ အေးချမ်းပျော်ရွှင်နေရပြီပဲ ဖြစ်ပါတယ်။ဘွဲ့ရ ပညာတတ်ဖြစ်ဖို့ စာကြိုးစားသင်ယူနေသလို ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ ကာရာတေးသင်တန်းကိုလည်း တက်ရောက်နေပီပဲဖြစ်ပါတယ်။
ဒါ့အပြင် ဂျမ်းတောလေးကို ချစ်ခင်ကြတဲ့ ပြည်တွင်းကသာမက ပြည်ပက အလှူရှင်တွေကပါ မုန့်ဖိုးတွေပေးကြတယ်လို့ ဆိုပါတယ်။ဒါအပြင် ချစ်တဲ့သူတွေက ကြော်ငြာလေးတွေအပ်ကြလို့ ရတဲ့ပိုက်ဆံကို ဂျမ်းတောလေးရဲ့အဖေဖြစ်သူကို ထောက်ပံ့ပေးပြီး ကျန်တာလေးတွေကို စုဘူးလေးနဲ့ စုထားခဲ့တာပါ။အခုတစ်ခါမှာဆိုရင်တော့ ဂျမ်းတောက တောင်းဆိုခွင့်ရမယ်ဆိုရင် ဖေကြီးကို မိန်းမ မယူစေချင်ပါဘူးဆိုပြီး သူမခံစားချက်တွေကို အခုလိုပြန်လည်ပြောပြလာခဲ့ပါတယ်။
မချူးချူးနဲ့ ဂျမ်းတောလေးက “ချူးက ကူညီပေးချင်ပြီဆိုရင် ဘယ်သူနဲ့ပဲ အတိုက်အခံလုပ်ရပါစေ ကူညီပေးတတ်တဲ့အကျင့်ရှိတယ်၊အဲ့တာနဲ့ပဲ ခံရပေါင်းလည်း များနေပြီလေ၊ ဂျမ်းတောအဖေ ဖြတ်သန်းလာတဲ့ပတ်ဝန်းကျင်ကိုသိတာမို့ ချူးကတော့ အပြစ်မပြောချင်ပါဘူး၊သူက စကားအပြောအဆို မတတ်ပေမယ့် စိတ်ရင်းကောင်းပြီး ရိုးသားပါတယ်”
ဂျမ်းတောလေးကလည်း “တောင်းဆိုခွင့်ရမယ်ဆိုရင် ဖေကြီးကို မိန်းမ မယူစေချင်ပါဘူး”ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။ဂျမ်းတောလေးကို ချစ်ခင်ကြတဲ့ ပရိသတ်ကြီးတို့တွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်နော်။
Be the first to comment