ရုပ်ရှင်ပြသခဲ့တဲ့ သမိုင်းတစ်လျှောက် စတင်ထုတ်လွှင့်ပြသတဲ့အပိုင်း (၁) မှာတင် လူကြည့်အများဆုံး စံချိန်ရခဲ့တယ်ဆိုတဲ့ “သဘင်သည်မြနှင်းဆီ”

ရုပ်ရှင်ပြသခဲ့တဲ့ သမိုင်းတစ်လျှောက် စတင်ထုတ်လွှင့်ပြသတဲ့အပိုင်း (၁) မှာတင် လူကြည့်အများဆုံး စံချိန်ရခဲ့တယ်ဆိုတဲ့ “သဘင်သည်မြနှင်းဆီ”

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးမှ တင်ဆက်တာဖြစ် ပြီး LOVE TV မှ ဖန်တီးရိုက်ကူးပုံဖော်ပေးထားတဲ့ “သဘင်သည်မြနှင်းဆီ ” သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲကတော့ လတ်တလောမှာ ပရိသတ်တွေ စိတ်ဝင်စားမှုကို အမြင့်ဆုံးရရှိနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၂၃) ရက်နေ့ မှာတော့ “သဘင်သည်မြနှင်းဆီ ” ဇာတ်လမ်းတွဲကို ပထမဦးဆုံးအကြိမ်ထုတ်လွှင့်ပြသခဲ့ပြီး ပရိသတ်အားပေးမှုနဲ့အတူ ထင်မထားလောက်တဲ့ စံချိန်တွေရရှိခဲ့တယ်လို့ သိရပါတယ်။ ယနေ့ညစတင်ထုတ်လွှင့်ပြသခဲ့တဲ့ ” သဘင်သည် ,, မြနှင်းဆီ ” ရုပ်သံဇာတ်လမ်းတွဲရဲ့ အပိုင်း ( ၁ )ဟာ

Fortune TV ရုပ်သံလိုင်းရဲ့ သမိုင်းတလျှောက် မြန်မာရုပ်သံထုတ်လွှင့်တင်ဆက်မှုမှာ လူကြည့်အများဆုံး ၊ Rating အမြင့်ဆုံး ၊ ပရိသတ်စောင့်မျှော်အားပေးမှုအများဆုံး အပိုင်းအဖြစ် စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။“သဘင်သည်မြနှင်းဆီ ” ဇာတ်လမ်းတွဲမှာ စင်ဒီ ,, မြတ်၊ ယွန်းသဒ္ဒါအောင်၊ ကောင်းထက်ပိုင်၊ မျိုးဇေယျာဝင်း၊ စည်သူအုပ်စိုး၊ မင်းဆက်သစ်တို့က ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။

“သဘင်သည်မြနှင်းဆီ ” ဇာတ်လမ်းတွဲကို Fortune TV ရုပ်သံလိုင်းမှာ အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း ည ၈နာရီခွဲအချိန်မှာ ကြည့်ရှု နိုင်မှာပဲဖြစ်ပါတယ်။လူငယ်လေးယောက်ဟာ မြနှင်းဆီခြံကြီးကို ရောက်ရှိလာပြီမို့ လာမယ့်အပတ် စနေ ၊ တနင်္ဂနွေမှာ ဆက်လက်ထုတ်လွှင့်ပြသသွားမယ့် အပိုင်း ( ၂ )နဲ့ အပိုင်း ( ၃ )မှာ ဘာတွေဆက်ကြုံတွေ့ လာရဦးမှာလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးပါဦးနော်။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*