နွားလေးတွေက ဆရာတော်ကို ဦးတိုက်ခြင်းရဲ့နောက်ကွယ်က အကြောင်းအရင်း
နွားဦးတိုက်ဆရာတော်ဆိုပြီး နယ်လှည့်တရားဟောနေတာမြင်တော့ အဲ့ဒီနွားကိုသနားမိတာပဲ ဒူးလေးထောက်ပြီး ဘယ်လောက်ညောင်းနေလောက်မလဲလို့။နွားတစ်ကောင် ဒူးထောက်ဖို့ လပိုင်းပဲသင်ရပါတယ် ဘယ်လိုသင်ရသလဲ၊တရားပွဲမှာနွားဦးတိုက်ပြဖို့ နွားခြေကြွခက သုံးသိန်းပေးရသေးတယ်။ရိုးမထဲမှာ သစ်ဆွဲတဲ့အခါ သစ်လုံးရဲ့နဖားကို သံကြိုးချိတ်ဖို့ နွားတွေကို ဒူးထောက်ခိုင်းရပါတယ်။အဲ့လိုထောက်တတ်ဖို့ ခိုင်းစအရွယ်ထဲက နွားလက်ရဲ့အဆစ်တွေကို တူနဲ့ခေါက်ပေးရပါတယ်။
နွားဖျင်းရင် အဆစ်မှာပြည်တည်တဲ့အထိ ခေါက်ပေးရပါတယ်။နာလွန်းလို့ နွားဟာ “ထောက်စမ်း”လို့ အော်လိုက်တာနဲ့ သခင်က မထမခိုင်းမခြင်း မထရဲတော့ဘူး။သူများနိုင်ငံတွေမှာ ကျားတွေ၊ဆင်တွေ၊ခြင်္သေ့တွေကိုတောင် ဒူးထောက်ခိုင်း ရှိခိုးခိုင်းပြီးပြနေတာတွေ နည်းတာမှမဟုတ်တာ။ခေါင်းဆိုတာ ဘယ်သူဘာပြောပြော ယုံပြီးညိမ့်နေရင် ပုတ်သင်ညိုခေါင်း၊တိရိစ္ဆာန်ခေါင်းပဲ ဖြစ်မှာပေါ့။
မှတ်ချက်(၁)–တရားပွဲမှာ အသံပိုင်းဆိုင်ရာ တာဝန်ယူတဲ့ စက်ဆရာတယောက်ပါ။အဲ့ဒီဆရာတော်နဲ့ တရားပွဲမှာ ဆုံဖူးပါတယ်။နွားဦးတိုက်တယ်ဆိုတော့ သီလသမာဓိ အားကောင်းတယ်ပေါ့။တရားပွဲရောက်တော့မှ ဘယ်ဟုတ်မလဲ ပလ္လင်ပေါ်က ဆရာတော် တရားနာပရိတ်သတ်တို့ နွားကြီးအောင်လကို လက်ခုပ်တီးပေးလိုက်ပါအုံးပြောမှ နွားက ရှေ့လက်ထောက်တာပါ အဲ့လိုလက်ခုပ်တီးခိုင်းလိုက် နွားကဒူးထောက်လိုက်နဲ့ ပလ္လင်စင်ပေါ်ရောက်တဲ့အထိ နွားကိုဆွဲတင်သွားတာပါ။
နွားဦးတိုက်ဆရာတော်ကို တရားပွဲပင့်ရင် နံပါတ်(၁) ကုန်ကျစရိတ် ပလ္လင်စင်ကို တောင့်တောင့်တင်းတင်း လုပ်ပေးရပါတယ်။နံပါတ်(၂) နွားသယ်တဲ့ ကားဆီဖိုး ပေးရပါတယ်။နွားက ပလ္လင်စင်ပေါ်ကနေ ပြန်ဆင်းသွားရင် နွားစာဆိုပြီး တရားနာ ပရိသတ်တွေဆီက အလှူထပ်ခံပါသေးတယ်။ကိုယ်တွေ့ပါ အပိုပြောခြင်းမရှိ၊ထိုဆရာတော်ကိုလည်း စော်ကားခြင်း မရှိပါ။
မှတ်ချက်(၂)–နွားဦးတိုက်ဘုန်းကြီးဆိုတာကလည်း အဲ့ဒီနွားလေးတွေကြောင့်လည်းပါလို့ အမည်ပိုရလာတာပါ။နွားဦးတိုက်ဆိုပေမဲ့လဲ ကျောင်းထဲမှာနွားလေးတွေကိုနေဖို့ တင်းကုပ်တောင် မရှိဘူး။ကျွန်းပင်တွေမှာပဲ အမြဲလိုလို ချည်ထားတာပဲတွေ့တယ်။အစာရေဆာလည်း ပုံမှန်မစားရဘူး ထင်ပါတယ် အဲ့က နွားလေးတွေက ပိန်နေတာ သနားသစရာ။ဂျင်းတွေကို သိဖို့ပါ(မူရင်းရေးသားသူအား လေးစားမှုဖြင့်–bkr)
Be the first to comment