ပဲခူး၊ အင်းတကော်နယ်မြေရဲစခန်းမှာ လိမ်လည်မှုနဲ့ အမှုဖွင့်ခံခဲ့ရတဲ့ ကယ်ဒမီ မို့မို့မြင့်အောင်နဲ့ခင်ပွန်း

ပဲခူး၊ အင်းတကော်နယ်မြေရဲစခန်းမှာ လိမ်လည်မှုနဲ့ အမှုဖွင့်ခံခဲ့ရတဲ့ ကယ်ဒမီ မို့မို့မြင့်အောင်နဲ့ခင်ပွန်း

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်ကို ငွေကျပ် သိန်း ၅၀၀၀ လိမ်လည်ချေးယူမှုနဲ့ အင်းတကော်ရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်လို့သိရပါတယ်။အဆိုပါ ချေးငွေ သိန်း ၅၀၀၀ ကို မို့မို့မြင့်အောင်နဲ့ အမျိုးသားဖြစ်သူ ဦးမောင်မောင်ကျော်အနေနဲ့ ငွေပြန်လည်ပေးဆပ်ဖို့ အကြိမ်ကြိမ်တောင်းခံခဲ့ပေမယ့်

ရှောင်တိမ်းကာ ထွက်ပြေးနေတာကြောင့် ငွေထုတ်ပေးသူ ဦးစိုးလိူင်က အခုလိုအမှုဖွင့်တိုင်ကြားလိုက်တာဖြစ်တယ်လို့သိရပါတယ်။”သူတို့နဲ့တွေ့ပြီး ညှိနိူင်းတယ်၊ သိန်း ၅၀၀၀ ကို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလမှာ သိန်း ၃၀၀၀ အရင်ပေးရမယ်၊နောက်ကျန်တဲ့၂၀၀၀ ကို အခုနှစ် ဒီဇင်ဘာလကုန်မှာပြန်ပေးရမယ်ဆိုပြီး သက်သေတွေနဲ့အုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိထိုးထားတာ၊ဒါကို ပထမအကြိမ်၃၀၀၀ လည်းမဆပ်ဘူး၊လူတွေကလည်း ရှောင်နေလို့ ဦးစိုးလိူင်က အမှုဖွင့်လိုက်တာလို့ သိရတယ်”လို့ ဦးစိုးလှိုင်မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

မို့မို့မြင့်အောင်တို့နှစ်ယောက်ဟာ ထားဝယ်ဆိပ်ကမ်းလုပ်ငန်းအတွက် အရေးတကြီးငွေလိုအပ်လို့ဆိုပြီး ဦးစိုးလိူင်ဆီက သိန်း၅ထောင် လာရောက်ချေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ငွေထုတ်ချေးသူ ပဲခူးမြိုနယ်၊အင်းတကော်မြို့၊ထန်းပင်ချောင်ကျေးရွာနေ ဦးစိုးလှိုင်နဲ့ မိုမို့မြင့်အောင်တို့ဟာ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်တာကြောင့် ယုံကြည်မှုနဲ့ သက်သေတွေရှေ့မှာ ငွေချေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့် ငွေထုတ်ပေးခဲ့တဲ့ ဦးစိုးလှိုင်က မို့မို့မြင့်အောင်တို့လင်မယားကို အင်းတကော်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့အမှုဖွင့်အရေးယူဖို့တိုင်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*