မိုဘိုင်းလ်ဖုန်းနဲ့ဗီဒီယိုဂိမ်း ကစားခွင့်မပေးတဲ့ အဖေကို သားဖြစ်သူက ဒေါသတကြီး အသားခုတ်ဓားနဲ့…
ဘေဂျင်း၊ဖေဖော်ဝါရီလ (၁၅)ရက်နေ့က မိုဘိုင်းလ်ဖုန်းနဲ့ ဗီဒီယိုဂိမ်းကစားခွင့်မပြုတဲ့ ဖခင်ဖြစ်သူကို အသားခုတ်တဲ့ဓားနဲ့ ခြိမ်းခြောက်နေတဲ့ ကလေးငယ်တစ်ဦးရဲ့ ဗီဒီယိုဖိုင်ဟာ တရုတ်နိုင်ငံမှာ ပျံ့နှံ့နေခဲ့ပါ တယ်။ဖခင်ဖြစ်သူက အဲ့ဒီယောက်ျားလေးရဲ့ လက်ကိုင်ဖုန်းကို သိမ်းဆည်းလိုက်တဲ့အခါ သားအဖနှစ်ဦး ထိပ်တိုက်ရင်ဆိုင်မှု စတင်ခဲ့ကြောင်း South China Morning Post သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီကောင်လေးဟာ ဒေါသတကြီး ဖခင်ဖြစ်သူကို ခြိမ်းခြောက်ဖို့ အသားခုတ်ဓားနဲ့ ရွယ်နေပုံကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။(၁၃)စက္ကန့်ကြာ အဲဒီဗီဒီယိုဖိုင်မှာ ကောင်လေးက ”သား ဟာ ပြန် ပေး” လို့အော်ဟစ်နေသံလည်း ကြားရပါတယ်။အဲဒီကောင်လေးက တရုတ်မူလတန်းကျောင်းသားများ ဝတ်ဆင်လေ့ရှိတဲ့ အနီရောင်ပုဝါနဲ့ ယူနီဖောင်းဝတ်ဆင်ထားတာကြောင့် မူလတန်း ကျောင်းသားတစ်ဦးလို့ ယူဆရပါတယ်။ဆောင်းရာသီအားလပ်ရက်အပြီး ကျောင်းဖွင့်ချိန်နောက်ပိုင်းမှာ အခုလို ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အဲဒီဗီဒီယိုကို တရုတ်နိုင်ငံတောင်ပိုင်း Guangxi ဒေသက အမည်မဖော်လိုသူတစ်ဦးကနေ ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်။ရိုက်ကူးတဲ့သူက ဟီနန် Henan ရုပ်သံ လိုင်းကို ပြောကြားရာမှာ ဗီဒီယိုဖိုင်ထဲပါဝင်တဲ့သူနှစ်ဦးမှာ သားအဖများဖြစ်ကြောင်း သိရပါတယ်။Henan TV မှ ထုတ်လွှင့်ခဲ့ပြီး မကြာမီမှာပဲ အဲဒီဗီဒီယိုဖိုင်ဟာ တရုတ်လူမှုမီဒီ ယာကုမ္ပဏီ Weibo ရဲ့ရှာဖွေမှုအများဆုံးစာရင်းကို ရောက်ရှိသွားပါတော့တယ်။
အခုသတင်းရေးသားချိန်အထိ အဲဒီဗီဒီယိုကို လူပေါင်း(၇)သန်းကျော် ဝင်ရောက်ကြည့်ရှုခဲ့ပြီးဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ပြီးနောက် အင်တာနက်သုံးစွဲသူအချို့က က ကလေးငယ်တွေအကြား ဂိမ်းစွဲလန်းမှုနှင့်ပတ်သက်လို့ စိုးရိမ်ပူပန်ကြကြောင်း သဘောထားမှတ်ချက်ပြောကြားခဲ့ကြပါတယ်။တစ်ဦးက “ကလေးတွေက ဂိမ်းတွေကို ပိုစွဲလန်းလာပြီး မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ဖောက်ပြန်လွန်းရင် သူတို့ရဲ့ မိသားစုတွေ ဒုက္ခရောက်လိမ့်မယ်”လို့ မှတ်ချက်ချပါတယ်။
အခုအခါမှာ တရုတ်နိုင်ငံရှိ ကလေးသူငယ်တွေအကြား မိုဘိုင်းဂိမ်းစွဲလန်းမှုကြောင့် ဆောင်းရာသီနဲ့ နွေရာသီကျောင်းပိတ်ရက်တိုင်း လူမှုရေးအငြင်းပွားမှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။ဂိမ်းကုမ္ပဏီတွေကိုလည်း အရွယ်မရောက်သေးသူတွေ အချိန် ကြာမြင့်စွာ ဂိမ်းကစားတာကို တားမြစ်ထားတဲ့ စည်းမျဉ်းတွေကို မိတ်ဆက်ထားသင့်ပြီး ကစားသမားတစ်ဦးစီအတွက် သူ့ရဲ့ သက်သေခံကတ်ပြားကို upload လုပ်ဖို့နဲ့ အသက်အရွယ်ကို အထောက်အထားပြဖို့ မျက်နှာအင်္ဂါရပ်ဆိုင်ရာ အသိအမှတ်ပြု စစ်ဆေးတာခံယူစေသင့်ပါတယ်။
ဥပမာအားဖြင့်၊ တရုတ်ရဲ့အကြီးဆုံး မိုဘိုင်းဂိမ်းထုတ်လုပ်သူ Te ncent Games ဟာ မကြာသေးမီက ဆောင်းရာသီကျောင်းပိတ်ချိန် (၁၄)ရက်တာကာလအတွင်း Tencent မှထုတ်လုပ်တဲ့ အရွယ်မရောက်သေးသူတွေအတွက် ဂိမ်းတွေကို ည(၈)နာရီကနေ (၉)နာရီအထိပဲ ကစားနိုင်စေမယ့် စည်းမျဉ်းတစ်ခု ကန့်သတ်ခဲ့ပါတယ်။ဒါပေမယ့် အရွယ်မရောက်သေးသူတွေဟာ မိဘတွေရဲ့ဖုန်းတွေကို အသုံးပြုတဲ့အတွက် အဲဒီကန့်သတ်ချက်တွေကို ကျော်လွှားချိုးဖောက်နေကြပါတယ်။
Be the first to comment