(၁၄)နှစ်လုံးရက်မပျက် လမ်းဘေးခွေး(၃၀၀)ကျော်ကို ကျွေးမွေးနေတဲ့ မုံရွာကဦးလေးကြီး

(၁၄)နှစ်လုံး တရက်မှမပျက်ဘဲ လမ်းဘေးခွေး (၃၀၀)ကျော်ကို ကျွေးမွေးနေတဲ့ မုံရွာကဦးလေးကြီး

လမ်းဘေးခွေး(၃၀၀) ကျော်ကို (၁၄) နှစ်လုံးလုံး ရက်မပျက်ပဲ တစ်ရက် ငါးသောင်းဖိုး ကုန်ကျခံကျွေးမွေးနေခဲ့သူ…မုံရွာမြို့ရဲ့နေရာအနှံ့က လမ်းဘေးခွေး အကောင် (၃၀၀)ကျော်ကို ညနေတိုင်း တစ်ရက်ကို

ငွေ (၅)သောင်းကျပ်ဖိုးခန့် ထမင်းနဲ့ ကြက်ခေါင်းဟင်းကို နယ်ပြီး မြို့အနှံ့ နေရာစုံလိုက်လံကျွေးမွေး၊ တိရိစ္ဆာန်များရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနေတဲ့ ဦးခင်မောင်ဆန်း၊အများကခေါ်ကြတဲ့ ဂျပန်ကြီးဆိုတဲ့ လေးစားဖွယ်ရာ ဦးလေးတစ်ဦးရှိပါတယ်။

သူဟာ အခုလို လမ်းဘေးခွေးများကို နေ့စဉ်နေ့တိုင်း လိုက်လံကျွေး မွေးနေခဲ့တာ တစ်ရက်ကို ငွေ ၅သောင်းကျပ်ဖိုးနှင့် နှစ်ပေါင်း ၁၄နှစ်အတွင်းမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

တစ်ခါတစ်လေ သူနားတဲ့ရက်တွေမှာဆို သူရဲ့တပည့်ကို ကျွေးခိုင်းတာ ဖြစ်ပြီး အခုလိုကျွေးမွေးရတဲ့အပေါ်မှာ ဘာမျှော်လင့်ချက်မှလဲ မထားကြောင်း ဦးခင်မောင်ဆန်းက ပြောပါတယ်။မျိုးဝင်းထွန်း(မုံရွာ)

Be the first to comment

Leave a comment

Your email address will not be published.


*