အသုံးချခြင်းခံနေရတဲ့ ဘုရားမြွေအမည်ခံ အကျဉ်းစံမြွေကြီးများရဲ့သနားစရာဘဝ

အသုံးချခြင်းခံနေရတဲ့ ဘုရားမြွေအမည်ခံ အကျဉ်းစံမြွေကြီးများရဲ့သနားစရာဘဝ

ခေတ်သစ် ဆင်ဖြူတော်မှီခြင်းပြဿနာ …ကျွန်တော်တို့ ရှေးမြန်မာရာဇဝင်စကားပုံကတော့ တစ်ခုခုကို အမှီသဟဲပြုပြီး စီးပွားရှာရင် “ဆင်ဖြူတော်မှီပြီး ကြံစုတ်တယ်” ဆိုတာကို ခဏခဏ သုံးနှုန်းကြတယ်ပေါ့။ခေတ်ကာလ ရွှေ့လျှောလာတာနဲ့အမျှ ခေတ်သစ်ဆင်ဖြူတော်မှီတဲ့ ပြသနာတွေပေါ်ပေါက်လာတဲ့ အကြောင်းလေးကို ပြောချင်ပါတယ်။ဒါကတော့ ဘုန်းကြီးကျောင်းတွေ ဘုရားတွေမှာ စပါးအုံးတွေ စပါးကြီးတွေ မွေးမြူပြီး မြွေတစ်ကောင် အရင်းပြု၍ အလှူခံနေကြတာပါပဲ။

လက်ရှိ မြန်မာနိုင်ငံမှာ တန်ခိုးကြီးတယ် ဆုတောင်းပြည့်တယ်ဆိုတဲ့ ဘုရားတော်တော်များများမှာ မြွေအပါအဝင် လိပ်၊ ငါးအစရှိတဲ့ တိရစ္ဆာန်လေးများဟာ ထောင်သွင်းအကျဉ်းကျခံနေရပါတယ်။အတွေ့အများဆုံး မြွေတွေကတော့ စပါးအုံးမြွေတွေပါပဲ။သူတို့ဟာ သူတို့သဘာဝနဲ့ မသက်ဆိုင်တဲ့နေရာမှာ အကျဉ်းကျခံနေရပြီး သူတို့နဲ့ မသက်ဆိုင်တဲ့ နွားနို့၊ ပေါက်ပေါက်ဆုပ်အစရှိတဲ့ အရာတွေကိုစားသုံးရင်း ခေတ်သစ် ဆင်ဖြူတော် ဖြစ်နေခဲ့ကြရပါတယ်။

ဂေါပဂလူကြီးတွေရဲ့ မြွေနန်းရှင်မဆိုပြီး နတ်နန်းလေးဆောက်၊ စပါးအုံးတစ်ကောင် နှစ်ကောင်ဖမ်းပြီးထားပြီးမှ ဆုတောင်းပြည့်တယ် ကိုးကွယ်ကြ လှူဒါန်းကြဆိုပြီး လုပ်နေကြတဲ့အကွက်တွေဟာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာအဆောက်အအုံနယ်ပယ် တော်တော်များများမှာ တွေ့နေကြရတာအားလုံးအသိ ဖြစ်ပါတယ်။

နောက်ထပ်တစ်ဆင့်အနေနဲ့ စပါးအုံးမြွေကို အလှူခံခွက်ထဲထည့်ပြီး ရပ်ကွက်တကာလှည့် အလှူခံကြတာပါ။ဆိုတော့ဗျာ သူတို့သဘာဝနေကြတဲ့ အကောင်လေးတွေဟာ နေရင်းထိုင်ရင်း ဒုက္ခခံရပြီး အလှူခံအတွက် သားကောင်လေးတွေ ဖြစ်လာကြရတာပါပဲ။ကျွန်တော်တို့အားလုံးဟာ ဒီမြွေလေးတွေကို ကာကွယ်ဖို့တတ်နိုင်သမျှ ကြိုးစားရမှာဖြစ်လို့ ဒီစာအရှည်ကြီးတွေကို ရေးနေရတာပါ။

ပထမဆုံး အသိပညာပေးလိုတာကတော့ မြွေရိုင်းတွေဟာ မွေးထားလို့မရဘူးဆိုတာပါပဲ။မြွေမျိုးစိတ်တွေဟာ မျိုးစိတ်အလိုက် အပူချိန်၊ စိုထိုင်းမှုအစရှိတာတွေ မတူညီကြသလို မြေကြီးပေါ်လား သဲပေါ်ကြိုက်တာလား ဆိုတာမျိုးတွေ ရွေးချယ်ရပါတယ်။မျိုးစိတ်အလိုက် နေထိုင်မှုပုံစံတွေ မတူညီတဲ့အတွက် တစ်သက်မှတ်တည်း သွားမွေးလို့မရပါဘူး။နေရာထိုင်ခင်းအပြင် မျိုးစိတ်အလိုက် အစာလည်းမတူညီကြပါဘူး။

မွေးမြူတဲ့ သူအများစုဟာ မျိုးစိတ်အလိုက် အစားအစာကို မှန်ကန်အောင် မကျွေးနိုင်ကြတာ ကြိမ်းသေပေါက်ပါပဲ။လက်ရှိဂေါပကတွေ ကျွေးနေတဲ့ နွားနို့၊ကြက်ဥ၊ပေါက်ပေါက်ဆုပ် အစရှိတဲ့အရာတွေဟာ အဆိုးဆုံးပါပဲ။မြွေနဲ့နွားနို့ ဘယ်လိုမှ မသက်ဆိုင်တဲ့အရာပါ။မြွေတွေရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားပေါင်းများစွာ ရှိပါတယ်။ဒါတွေကို မြွေရဲ့ကိုယ်ခံအားနဲ့ ခုခံတိုက်ထုတ်နေရတာပါ။သူတို့ကို ဖမ်းယူမွေးမြူလိုက်တဲ့အခါ စိတ်ဖိစီးမှုတွေရှိလာမယ်။အစားအသောက် ပြဿနာတွေကြောင့် ကိုယ်ခံအားလည်း ကျဆင်းလာတဲ့အခါ ရောဂါပေါင်းစုံ ဝင်လာပြီး Gသဆုံးကြရပါတယ်။

ရောဂါနဲ့ မGသရင်လည်း စိတ်ဖိစီးမှုကြောင့် အစာမစားတော့တဲ့အတွက် အစာအငတ်ခံပြီး Gသဆုံးကြရတာ ဖြစ်ပါတယ်။အထက်ပါ ဒုက္ခတွေကို အဓိက ခံစားရတာကတော့ စပါးအုံးတွေပါပဲ။သူတို့ဟာ ဒီနိုင်ငံရဲ့ နောက်ဆုံးပေါ်အလှုခံပစ္စည်း၊အကျဉ်းကျခံ သားကောင်တွေပါ။သူတို့မှာ ဘာတန်ခိုးမှ မရှိသလို လိုတရစွမ်းအားရှင်တွေလည်း မဟုတ်ပါဘူး။အစာကွင်းဆက်ထဲက သာမာန် သတ္တဝါလေးတစ်ကောင်ပါ။နွားနို့လည်း မကြိုက်သလို ပေါက်ပေါက်ဆုပ်လည်း မစားတတ်ကြပါဘူး။

သူတို့မစားတဲ့ အစားအသောက်တွေကို ပါးစပ်ဟပြီး မစားချင်လည်း အတင်းထိုးကျွေး ခံနေရရှာရတာပါ။ကျွန်တော်တို့နိုင်ငံရဲ့ ဘာသာရေးအယူအဆ အမှားတွေကြားမှာ အသုံးချခံနေရရှာတဲ့ သနားစရာသတ္တဝါလေးတွေ ဖြစ်ပါတယ်။ကမ္ဘာပေါ်က မြွေမွေးသူတွေဟာ မြွေရိုင်းဖမ်းမွေးခြင်းကို ရှောင်ကျဉ်ကြပါတယ်။ဖမ်း၍ မွေးမြူခြင်းကိုလည်း ရှုံချကြပါတယ်။မြွေရိုင်းတွေကို ဖမ်းမွေးခြင်းဟာ သူတို့အတွက် ဘယ်လောက်ထိ ထိခိုက်စေသလဲဆိုတာ နားလည်ကြလို့ပါပဲ။

ကျွန်တော်တို့ နိုင်ငံမှာတော့ နာမည်ကြီးဘုရားတွေ၊လူအသွားအလာများတဲ့ သာသနိက အဆောက်အအုံတွေမှာ စပါးအုံးတွေဟာ အလှုခံပစ္စည်းဘဝနဲ့ ဒုက္ခခံနေရတာကို တတ်နိုင်သမျှ တိုက်ထုတ်ကြရမှာပါ။အဲ့ဒီအတွက်ကြောင့်ပဲ စပါးအုံးတွေကို ဖမ်းမိတဲ့အခါ ဘုန်းကြီးကျောင်းကို မလွှတ်ကြပါနဲ့။သူတို့ရဲ့သဘာဝထဲကိုပဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

မိမိတို့ ပတ်ဝန်းကျင်မှာ ဘုန်ကြီးကျောင်းပို့ဖို့ ပြင်ဆင်နေတာ တွေ့ခဲ့လျှင်လည်း အသိပညာပေးပြီး သဘာဝကို ပြန်လွှတ်ဖို့ ပြောပေးကြပါ။ဒါမှသာ ရှေးရိုးစွဲ ဘာသာရေး အယူအဆတွေအကြား ဓားစာခံဖြစ်နေကြရတဲ့ သူတို့ရဲ့ဘဝလေးတွေကို တတ်နိုင်သမျှ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။C r d

Be the first to comment

Leave a comment

Your email address will not be published.


*