ကမ္ဘာအနှံ့က မစားချင်လောက်အောင် ရွံနေရပေမဲ့ စားလို့ရတဲ့ အစားအစာ(၅)မျိုး

ကမ္ဘာအနှံ့က မစားချင်လောက်အောင် ရွံနေရပေမဲ့ စားလို့ရတဲ့ အစားအစာ(၅)မျိုး

လူတိုင်းဟာ အရသာရှိမဲ့အစားစာကိုမြင်တိုင်း စားချင်စိတ်တွေ တဖွားဖွားပေါ်လာလေ့ရှိစမြဲပါ။တချို့ဆို အချိန်တိုင် စားနေကြပါတယ်…အစားနဲ့တခြားအရာဆို အစားကိုပဲရွေးတဲ့သူက များပါတယ်။အဲ့လိုစားပြီးရင် စားချင်တဲ့သူတွေ မစားချင်လောက်အောင် ဖြစ်သွားနိုင်တဲ့ အစားစာတွေ ကမ္ဘာအနှံအပြားမှာရှိပါတယ်။ ကမ္ဘာလှည့်ပြီး ရှိသမျှစားမဲ့သူတွေ ခုအစားစာတွေကိုမြင်ပြီး မစားနိုင် မသောက်နိုင်ဖြစ်သွားလောက်ပါတယ်။ဒါပေမဲ့လဲ အစားအသောက်ဆိုတာ လူတွေစားလို့ထုတ်နေကြတာပါ…မစားတဲ့သူမရှိရင် ထုတ်မှာမဟုတ်ဘူးလေ။ခုပြောတဲ့ အစားစာတွေကိုကြည့်ပြီး စားနိုင်ပါအုန်းမလား။

Yin-Yang Fish လို့ခေါ်တဲ့ ငါးကင်ဟာဆိုရင်တော့ တချို့က မသေမရှင် လို့ခေါ်ကြပါတယ်။ဘာလို့ဆိုအဲ့ငါးကင်ရဲ့ တစ်ဖက်ကအရှင်ဖြစ်ပြီး တစ်ဖက်ကအသေဖြစ်နေ့လိုပါ။Taiwan မှာနာမည်ကြီးပြီး အဲ့အစားစာဟာ ဘယ်ကစလဲဆိုတော့ တရုတ်က စာဖိုးမှုတွေ ငါးတစ်ကောင်ကို မီးထဲမှာ ရှင်နေအောင် ဘယ်လိုလုပ်မလဲဆိုတာကနေစတာပဲဖြစ်ပါတယ်။

Ikizikuri ဆိုတဲ့အစားစာကတော့ ဂျပန်အစားစာတစ်မျိုးဖြစ်ပြီး Australia နဲ့ Germany အပြင်တခြားနေရာတစ်ချို့မှာလဲ စားသုံးခွင့်ကို ပိတ်ထားပါတယ်။စားသုံးမဲ့သူက ကိုယ်စားချင်တဲ့ ငါးကိုရွေးပြီးနောက်မှာ စားဖိုမှုးက အရှင်လတ်လတ် ငါးကိုအရိုးထွင်ပေးပါမယ်။ ပြီးရင် ဟိုနည်းနည်းဒီနည်းနည်း ပြင်ပေးကာ အရှင်လတ်လတ် စားလို့ရပါပြီ။အဲ့ငါးကို သင်ရေထဲသွားလွှတ်ရင် ငါးကရေကူးနေတာကို သင်တွေ့နိုင်ပါတယ် ပြီးတော့ နှလုံးဟာလဲ ခုန်နေပါလိမ့်မယ်။

နောက်အစာစားကတော့ Yak Penis လို့ခေါ်တဲ့အစာစားပါ…နာမည်ဖတ်ရုံနဲ့ bio သမားတွေဆိုသိနိုင်ပါတယ်။ ဟုတ်ပါတယ်…တိဗက်နွားထီးရဲ့ လိင်အင်္ဂါပါ…Beijing မှာရှိတဲ့ Guolizhuang Restaurant မှာဆိုအရမ်းကိုနာမည်ကြီးပါတယ်။တရုတ်အများစုကတော့ အာ့ကိုစားချင်းအားဖြင့် ကျန်မားရေးကိုကောင်းမွန်စေတယ်လို့ ယုံကြည်ကြပါတယ်။

ဘဲရဲ့သားလောင်းကို ပါကင်ထုတ်ပြီး အအေးခံပြီးရင် စားလို့ရပါပြီး…အာ့ကိုတော့ ကျွန်တော်တို့ South East Asia မှာစားကြပါတယ်။

Iceland မှာဆိုရင်တော့ Puffin လို့ခေါ်တဲ့ ပင်လယ်ပျော်ငှက်ရဲ့နှလုံးကို အမျိုးမျိုးလုပ်စားကြပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*