ကိုယ်တိုင်အပြင်းဖျားနေပေမယ့် သား(၂)ယောက်ကို ဆေးခန်းပြနိုင်ဖို့အတွက် တနေကုန်…
မိဘကို သင်အော်မိလိုက်တဲ့အချိန်တိုင်း ဒီစာလေးသင် ဖတ်ကြည့်သင့်ပါတယ်။ကိုယ်တိုင်က နေမကောင်းနေပေမယ့် သား၂ယောက်ကို ဆေးခန်းပြဖို့အတွက် အကိုက်အခဲပျောက်ဆေးသောက်ပြီး တစ်နေကုန် နှမ်းရိတ်ခဲ့တဲ့ဖခင်(အဖေကို ချစ်သူများ….ဖခင်မေတ္တာဆိုတာ မနက်၆နာရီ ဆေးခန်းမဖွင့်ခင် ကျနော့်ဆေးခန်းကို သားဖနှစ်ယောက်လာတယ် ဆရာ အစောကြီးလာရတာ အားတော့နာပါတယ် ဒါပေမယ့် ကလေးက အပူကြီးနေလို့ပါ ဟုတ်…ရပါတယ် ကလေးကို ကုတင်ပေါ်တက်ခိုင်းလိုက်ပါ။ထိုလူက ၁၃နှစ်အရွယ် သူ့သားကို လသားကလေးငယ်လို တယုတယနဲ့ပွေ့ချီပြီး ကုတင်ပေါ်တင်ပေးတယ်။ကလေးကို ကျနော်စမ်းသပ်ကြည့်တော့ အဆုတ်ကို အအေးပတ်ထားတဲ့ လက္ခဏာ တွေတွေ့ရတယ်။
ကလေး အသက်က၁၃ နှစ်ပါ လိုအပ်တဲ့ ဆေးထိုးပေး သောက်ဆေးတွေ ပေးပြီးတဲ့အခါ ဆရာ ဆေးဖိုးဘယ်လောက်ကန်တော့ရမလဲ တကယ်တော့ သောက်ဆေးသုံးရက်စာ ပေးလိုက်တာ သောက်ဆေးသုံးရက်စာပေးရင် သုံးထောင်တောင်း နေကျ ဒါပေမယ့် သူတို့ကြည့်ရတာ အဆင်ပြေပုံမရပါဘူး နှစ်ထောင်ကျပါတယ်
ဟုတ်ဆရာ တော်သေးတယ် ကျနော်မှာလည်း နှစ်ထောင်ကွက်တိပဲပါတာ ကျနော်က ခေါင်းညိတ်ရင်းပြုံးပြတော့ ထိုလူက ဟိုလေ..ဆရာ ဟိုလေ “ဟုတ် ပြောပါ“ကျနော်ကို အကိုက်အခဲ ပျောက်ဆေးတစ်လုံးလောက် ပေးပါ့လား ညောင်းကိုက်နေလို့ပါ”အနောက်မှာ လူနာရောက်လာလို့ သူ့ကို ဘာစကားမှ မပြောဖြစ်တော့ဘဲ အကိုက်အခဲပျောက်ဆေး တစ်လုံးပေးလိုက်တယ်။
ည၈နာရီကျော် ဆေးခန်းပိတ်ပြီးတဲ့အချိန်မှ ထိုလူနဲ့ ကလေးတစ်ယောက် ကျနော့်ဆေးခန်း ပြန်ရောက်လာတယ် “ဆရာရေ မနက်က သားကြီး အခုကသားငယ် သားငယ်က မနက်က သိပ် မဖျားသေးဘူး အခုမှ အရမ်းပူလာလို့” ကလေးကို လိုအပ်တာတွေစမ်းသပ် ဆေးထိုး သောက်ဆေးပေးပြီးသကာလ ထိုလူက”ဆရာ ဆေးဖိုး ဘယ်လောက် ကန်တော့ရမလဲ””နှစ်ထောင်ကျပါတယ်”ဆေးထုပ်လေးတွေ ထိုလူ့ကိုလှမ်းအပေး သူကလည်း လှမ်းယူပြီး ဆေးဖိုးပြန်ပေးရင်း
”ဒါနဲ့ဆရာ မနက်ကပေးတဲ့ အကိုက်အခဲပျောက်ဆေးလေး တစ်လုံးလောက်ကျနော့်ကို ပြန်ပေးပါဦး”အကိုက်အခဲ ပျောက်ဆေးဆိုတာ မကြာခဏ မသောက်ရဘူးလို့ ကျနော်ပါးစပ်က ပြောမယ်ကြံတုန်း ကျနော်လက်နဲ့ သူ့လက်ထိလိုက်မိစဉ်ခဏတစ်စုံတစ်ခုကို ကျနော် သတိထားမိသွားတယ် “ဟာ…ခင်ဗျားကိုယ်တွေ ခြစ်ခြစ်တောက်ပူနေတာပဲ နေမကောင်းဘူးလား”ထိုလူ့မျက်ဝန်းတွေက မှိုင်းညို့သွားတယ်။တစ်စုံတစ်ခုကိုပြောဖို့ ဆွံ့အနေပုံရတယ်။၁၀နှစ်အရွယ် ကလေးငယ်က မဝံ့မရဲနဲ့ စကားဝင်ပြောတယ်
“အဖေလည်း ဖျားနေတာ ဆရာ အငယ်ကောင် တော်စမ်း ကလေးက ကလေးနေရာနေ”ထိုလူက သူ့သားကိုအော်တော့ ကလေးငယ်က ပြောလက်စ စကားတန်းလန်းနဲ့ စကားဆက်မပြောတော့ဘူး “ကလေးကို မအော်ပါနဲ့ဗျ ပြောသား..ဘာဖြစ်လို့လဲ မကြောက်နဲ့ပြော”ကလေးငယ်က သူ့အဖေကို ကြည့်တယ်။ထိုလူ က ကျနော်ဝင်ပြောထားတော့ သူ့သားကို ဘာမှထပ်မပြောတော့ဘူး“ပြောလေသား အဖေ ဖျားနေတာ သုံးရက်ရှိပြီဆရာ မနက်က ကိုကြီးထိုးပေးဖို့ ဆေးဖိုးပဲ ရှိလို့ ကိုကြီးကို အရင်ဆုံး ဆေးလိုက်ထိုးပေးတာ ဒီနေ့ တောကအပြန် နှမ်းရိတ်လို့ရတဲ့ ပိုက်ဆံနဲ့မှ သားကို ဆေးလိုက်ထိုးပေးတာ”
အို…တကယ်ပါ ကျနော်မျက်ဝန်းက မျက်ရည်တွေ အလိုလိုကျလာတယ်။နေမကောင်းတဲ့ ကလေးငယ်ကို ဆေးထိုးပေးဖို့ အပြင်းဖျားနေတဲ့ အဖေက တစ်နေကုန် နှမ်းရိတ်နေခဲ့တယ်တဲ့လား အဖေ့မေတ္တာဆိုတာ…။ ကလေးတွေ ကံကောင်းလိုက်တာ။စည်းစိမ်ဥစ္စာ မချမ်းသာပေမယ့် မေတ္တာတရားကြွယ်ဝတဲ့ ဒီလိုအဖေမျိုးကို ပိုင်ဆိုင်ခွင့်ရထားတယ် မတ္တာတရားကြီးမားတဲ့ အဖေတစ်ယောက်ကို အခမဲ့ ဆေးကုသပေးခွင့်ရခဲ့တဲ့ ကျနော်လည်း ကလေးများနည်းတူ ကံကောင်းခဲ့ပါတယ်။
Be the first to comment