“ထမင်းနဲ့ရေလေး ပေးကြပါ”ဆိုပြီး သည်းမခံနိုင်တဲ့အဆုံး ဘဝကိုအရှုံးပေးလိုက်တာလား အကိုရေ…

“ထမင်းနဲ့ရေလေး ပေးကြပါ”ဆိုပြီး သည်းမခံနိုင်တဲ့အဆုံး ဘဝကိုအရှုံးပေးလိုက်တာလား အကိုရေ…

အမျိုးသားတစ်ဦး ​ရေထဲမှာ​ မှောက်လျက်အ​နေထားနဲဲ့ ​သေဆုံး​နေတာ​တွေ့​တော့ ထိုင်းနိုင်ငံ၊နခွန်ပထုံခရိုင် ဘန်လင်းမြို့နယ် ကယ်ဆယ်​ရေးအဖွဲ့နဲ့ ထိုင်းရဲ​​​တွေ အခင်းဖြစ်တဲ့​နေရာကို သွား​ရောက်ခဲ့ပါတယ်။​သေဆုံး​နေတဲ့ အမျိုးသားမှာ မြန်မာလုပ်သားတစ်ဦးဖြစ်ပါတယ်။ သေဆုံးတဲ့​နေရာနဲ့အနီးမှာ မြန်မာမှတ်ပုံတင်နဲ့ အလုပ်သမားကတ်ကို​ တွေ့ရှိခဲ့လို့ မြန်မာလုပ်သားဖြစ်​ကြောင်း အတည်​ပြောလို့ရတာပါလို့ ဘန်လင်းရဲအရာရှိတစ်ဦးကဆိုပါတယ်။

မြန်မာလုပ်သားမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။ဘာ​ကြောင့်လဲဆို​တော့ ​သေဆုံး​သူရေးထားတဲ့ စာကိုလဲ​တွေ့တယ်လို့ ဘန်လင်းရဲအရာရှိက​ပြောပါတယ်။

​သေဆုံးသူ​ရေးခဲ့သည့်စာမှာ “ကျွန်တော် မြန်မာပါခင်ဗျ နေစရာနေရာလဲမရှိ စားစရာလဲမရှိလို့ ထမင်းနဲနဲလောက် ကျွေးကြပါ ကျွန်တော် ထိုင်းစကားမတတ်လို့ သနားကြပါဗျ ထမင်းလေး ရေလေး ပေးသနားကြပါခင်ဗျ” ဖြစ်ပါတယ်။ကျနော် မြန်မာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*