အိမ်တွင်းအကြမ်းဖက်မှုကို အပြင်းအထန်ခံခဲ့ရတယ်ဆိုတဲ့ မျိုးကျော့မြိုင်ရဲ့ဇနီးဟောင်း ဒေါက်တာသွင်ပပအောင်
အိမ်တွင်းအကြမ်းဖက်မှုကို အပြင်းအထန်ခံစားခဲ့ရ ကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံလာတဲ့ အဆိုတော် မျိုးကျော့မြိုင်ရဲ့ဇနီးဟောင်း ဒေါက်တာသွင်ပပအောင်က အခုလိုပြောပြလာခဲ့တာပါ။
“ပထမအိမ်ထောင်နဲ့ လက်ထပ်ပြီး ၄လအကြာမှာ လမ်းခွဲခဲ့ပါတယ်။သားတစ်ယောက်ရှိပါတယ် ဒုတိယအိမ်ထောင်က အနုပညာရှင်ပါ သူက ထင်မှတ်မထားရလောက်အောင် ကိုယ်ထိလက်ရောက် အသက်အန္တရာယ်ဖြစ်တဲ့အထိပြုမူလို့ လက်ထပ်ပြီး ၂လအကြာမှာ လမ်းခွဲခဲ့ပါတယ်”။
နာမည်ကြီး အဆိုတော်တစ်ယောက်ရဲ့ ဆေးကြောင်ကာပြုလုပ်ခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှု ကြောင့် ဘယ်လိုစိတ်ဒဏ်ရာရခဲ့လဲ?
“ကျွန်မသူနဲ့ တစ်လတိတိ ဆေးကြောင်ပြီး အကြမ်းဖက်ခံရမှုကို ခံရတာနားတစ်ဖက်လည်းအကန်း၊သွားလည်ကျိုး၊မျက်နှာမှာဆိုလည်းဒဏ်ရာအပြည့်နှင့် ကျွန်မရဲ့အိပ်မက်တွေလည်း ဝေးကွာခဲ့ရပါတယ်။
တရားစွဲလို့ရပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာရင် ကျွန်မမိသားစု၊ကျွန်မရဲ့ဘဝအတွက် ကျွန်မစိုးရိမ်လို့ပါ။
အခုတော့ ကျွန်မ အရာအားလုံး ဖြတ်သန်းခဲ့တာမို့ ရင်ဆိုင်ဖို့အသင့်ပါ”လို့ အဆိုတော် မျိုးကျော့မြိုင်ရဲ့ဇနီးဟောင်း ဒေါက်တာ သွင်ပပအောင်က အခုလိုပြောပြလာခဲ့ပါတယ်။
Be the first to comment