ဒါရိုက်တာ ကိုပေါက်ကို “ခင်ဗျားရဲ့လုပ်ရပ်တွေ အရမ်းများသွားပြီလို့” ပြောလာတဲ့ လူရွှင်တော် စိန်သီး

ဒါရိုက်တာ ကိုပေါက်ကို “ခင်ဗျားရဲ့လုပ်ရပ်တွေ အရမ်းများသွားပြီလို့” ပြောလာတဲ့ လူရွှင်တော် စိန်သီး

ပရိသတ်ကြီးရေ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သီးလေးသီး လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ နိုင်ငံရေးကိုပဲ အဓိကထား ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့ နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ်။ သီးလေးသီးအဖွဲ့ကိုတော့ စိန်သီး၊ပန်းသီး၊ဇီးသီး၊ကြယ်သီး အစရှိတဲ့ လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

သီးလေးသီးအဖွဲ့ဝင်ထဲက လူရွှင်တော် စိန်သီးဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သီးလေးသီး အဖွဲ့ဝင်တစ်ဦးဖြစ်ပေမယ့် လူရွှင်တော် စိန်သီးကတော့ တော်လှန်‌ရေးအတွက် အဖွဲ့ထဲကနေ တစ်ဦးတည်းခွဲထွက်လာပြီး တော်လှန်နေတာပါ။ လူရွှင်တော် စိန်သီးကတော့ ပြည်သူတွေ တော်လှန်ရေးနဲ့ ပတ်သက်ပြီး သွေးမအေးသွားစေဖို့ လူမှု့ကွန်ယက်ပေါ်ကနေ အမြဲတမ်းသတိပေးနေတာပါ။

” ကိုပေါက် ခင်ဗျား စိတ်ဆိုးလဲမတတ်နိုင်ဘူး ဂရုလဲမစိုက်ဖူး ပြောစရာရှိတာတော့ ကျုပ် ပြောရမှာဘဲ ….. ဘာလဲဗျာ ခင်ဗျား တော်တော် များသွားပြီ …..မနက် အိပ်ရာကထလို့ facebook လေးဖွင့်လိုက်တာနဲ့ ဟိုလူကလဲ ” မသောက်မိသော မိုးခါးရေ ” ဒီလူကလဲ “မိုးခါးရေ”နဲ့ ခင်ဗျား လုပ်ရပ်တွေ တော်တော် များသွားပြီ …..အခုလဲ ကြည့် ဟို နိုင်ငံမှာလဲ ” မိုးခါးရေ ” ဒီနိုင်ငံမှာလဲ “မိုးခါး‌ရေ”နဲ့ တစ်ကမ္ဘာလုံး

” မိုးခါးရေ “ဖြစ်ကုန်ကြပီ တော်တော် တရားလွန်နေပြီ ခင်ဗျား … တော်တော် များသွားပြီ ကိုပေါက် …..အခု ခင်ဗျားကို မကြိုက်တဲ့လူတွေ ပြည်သူ့ဘက်ကရပ်တည်ပြီး ပြည်သူ့ကိုယ်စား အနုပညာနဲ့တိုက်ပွဲဝင်နေတဲ့ ခင်ဗျားတို့ ကျုပ်တို့ကို မကြိုက်တဲ့ လူတွေကော ဟို … မြောက် မြန်မာပြည်ဘက်က သူတွေကပါ ခင်ဗျားရဲ့ ” မိုးခါးရေ ” ကိုခိုးကြည့်ပြီးသူတို့ကပါ” မိုးခါးရေ မိုးခါးရေ မိုးခါးရေ ” ဖြစ်ကုန်ပြီ အဲ့တာ ခင်ဗျား သိရဲ့လား သူတို့ရဲ့ မသိစိတ်က

ခင်ဗျား ” မိုးခါးရေ ” ကိုကြိတ်ပြီးသဘောကျနေတာ ခင်ဗျား သိလား …..ခင်ဗျား တော်တော် များသွားပြီနော် …..အေး အခု ကျုပ်ပြောတာတွေ ခင်ဗျား မကြိုက်လဲ ဂရုမစိုက်ဖူးပြောစရာရှိတာကတော့ ပြောရမှာဘဲ …..ခင် ဗျား တော် တော် များ သွား ပြီ …..ကိုပေါက် ……….” ဆိုပြီး စိန်သီးကတော့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*