ခက်ခဲလွန်းလို့ သားသမီးတွေကို ငါးကြော်တကောင်အားအနံ့ပဲရှူခိုင်းပြီး ထမင်းဖြူသာကျွေးခဲ့တဲ့ ဖခင်

ခက်ခဲလွန်းလို့ သားသမီးတွေကို ငါးကြော်တကောင်အားအနံ့ပဲရှူခိုင်းပြီး ထမင်းဖြူသာကျွေးခဲ့တဲ့ ဖခင်

အခုလိုအားလုံး ခက်ခဲကြပ်တည်းနေကြတဲ့ အချိန်မှာ အလုပ်ရုံတွေ ပိတ်လိုက်ရသည့်အခါ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားများအဖို့ စားဝတ်နေရေးက အတော်လေး ခက်ခဲသွားကာ အချိန်ကြာလာသည်နှင့်အမျှ စားဖို့ပင် မရှိကြတော့ပေ။

ယခုအခါတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အသက် (၃၀)အရွယ် ဖခင်တစ်ဦးသည် လက်လုပ်လက်စားဘဝနှင့် သားသမီး သုံးယောက်ရှိရာတွင် ဇနီးဖြစ်သူနဲ့အတူ ရှာဖွေကျွေးခဲ့ရာ ကပ်ရောဂါဆိုးကြီး မဖြစ်ပွားခင်အချိန်ထိ စားဝတ်နေရေးက အဆင်ပြေနေခဲ့တာပဲ ဖြစ်ပါတယ်။

သို့သော် မမျှော်လင့်ပဲ အလုပ်လက်မဲ့ ဖြစ်သွားရကာ ဝင်ငွေကလည်း တပြားမှမရှိတော့သည့်အတွက် သူများလှူဒါန်းသော ခေါက်ဆွဲခြောက်ထုပ်၊ဆန်၊ဆီသွပ်ဘူးတို့ကိုသာ စားသောက်ခဲ့ရသည်။ထိုသို့ စားသောက်လာရင်း ကလေးကလည်း သုံးယောက်ရှိရာ စားအိုးကြီးသည့်အတွက် မလောက်မငှဖြစ်ရစဥ် ဖခင်ဖြစ်သူသည် ချက်စားစရာ ဟင်းမရှိသော်လည်း

ငါးကြော်လေးတစ်ကောင်ကို အပေါ်ကနေ ကြိုးနဲ့တွဲလောင်းချည်ကာ သားသမီးတွေကို အနံ့လေးပဲရှူခိုင်းပြီး ထမင်းဖြူတစ်မျိုးတည်းနဲ့ ဗိုက်ပြည့်အောင် ဖန်တီးပေးခဲ့သည်။ထိုမြင်ကွင်းလေးကို ဇနီးဖြစ်သူမှ ဗီဒီယိုလေးရိုက်ကူးကာ လူမှုကွန်ယက်တွင် မျှဝေခဲ့စဥ် ထပ်တူစိတ်မကောင်းဖြစ်ခဲ့ကြရပြီး အလှူရှင်များပေါ်လာရန် ဆုတောင်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။

 

Be the first to comment

Leave a comment

Your email address will not be published.


*