ဒယ်အိုးနဲ့ သမီးလေးရဲ့ခေါင်းကို ခေါက်လိုက်မိတာကြောင့် ယူကြုံးမရဖြစ်ခဲ့ရတဲ့အမေ…

ဒယ်အိုးနဲ့ သမီးလေးရဲ့ခေါင်းကို ခေါက်လိုက်မိတာကြောင့် ယူကြုံးမရဖြစ်ခဲ့ရတဲ့အမေ…

တောသူတောင်သားတွေက ဒါမျိုးမသိကြသူများတယ်။ဆေးရုံဆိုတော့ လူပေါင်းစုံ၊အလွှာပေါင်းစုံ၊ရောဂါပေါင်းစုံ မြင်ရတွေ့ရကြုံရတယ်။ခုမြင်ရတဲ့ အကျီပန်းရောင်နဲ့ကလေးမလေးဆို အသက်က(၁၆)နှစ်ရှိပြီ အပျိုဘော်ဝင်ခါစ ချောချောလေးပါ တောမှာနေကြတာတဲ့။

တစ်နေ့…..သူ့အမေက ထမင်းဆာနေတဲ့အချိန် သမီးဖြစ်သူက သူချက်ထားတဲ့ ဟင်းထဲဘာတွေသွားထဲ့လိုက်တယ်ဆိုလားပဲ စားမရတော့ဘူးပေါ့။ဒါနဲ့စိတ်ဆိုးပြီး…ဒယ်အိုးနဲ့ ခေါင်းကိုခေါက်လိုက်တာ သတိမေ့သွားလို့ ဆေးရုံရောက်လာတယ် သတိရလာတော့..(၅)နှစ်သမီးလေးအတိုင်း ဖြစ်သွားတယ်။

စကားတွေမပီတော့ဘူး၊အသံကလည်း ကလေးသံလေးဖြစ်သွားတယ် ကလေးလိုဆော့ ကလေးလိုအော်ငိုလိုက် ရီလိုက် မုန့်စားလည်း လက်နှစ်ဖက်နဲ့ ပလုပ်ပလောင်းရယ် သွေးလန့်သွားတာတဲ့လေ။သူ့အမေလည်း ယူကြုံးမရပေါ့ ခုတော့ အဖေရော၊အမေရောက ကလေးငယ်လေးလို ပြုစုနေရတယ်၊ခုဆေးရုံကဆင်းသွားပြီ ပြန်ကောင်းဖို့ မသေချာဘူးတဲ့၊ဝမ်းနည်းစရာပါ။

အရွယ်ရောက်တဲ့ မိန်းကလေးတစ်ယောက် ကလေးလေးလို အသိဥာဏ်ပဲရှိတော့တာ သူမအတွက်ရော မိဘတွေအတွက်ရော တကယ်ရင်လေးစရာပါ။မိဘတွေ ကလေးတွေကို ရိုက်တဲ့အခါ ခေါင်းတွေ၊ကျောကုန်းတွေ၊ရင်ဘတ်တွေ ရှောင်ကြပါ။ဒီသာဓကလေးက မိဘတွေအတွက် သင်ခန်းစာလေးပါ။Credit:Taungoo Thu

Be the first to comment

Leave a comment

Your email address will not be published.


*