မိဘကအလိုလိုက်ပြီး တရက်(၁၀)နာရီ ဖုန်းနဲ့ဂိမ်းပေးကစားတဲ့ (၉)နှစ်သားလေးရဲ့အဖြစ်
အသက်(၉)နှစ်သာရှိသေးတဲ့ ကလေးတစ်ယောက်ဟာ တစ်ရက်ကို(၉)နာရီကြာ ဂိမ်းကစားလေ့ရှိတာကြောင့် အခုဆိုရင် သူ့ရဲ့မျက်လုံးတွေက Cross-Eyed ဖြစ်နေပါပြီ။မျက်ဆံအမည်းတွေဟာ ပုံမှန်အလုပ်လုပ်ရမယ့်အစား၊အလည်မှာ တည့်တည့်လာစုနေတာပါ။ဒီကောင်လေးဟာ တရုတ်နိုင်ငံ၊Hefei ဇာတိဖြစ်ပြီး သူဂိမ်းဆော့တဲ့သက်တမ်းက သိပ်မကြာသေးပါဘူး။
သူဟာ နွေရာသီကျောင်းပိတ်ရက်မှာ ဖုန်းကို အလွန်အကျွံစွဲလမ်းခဲ့တာဖြစ်ပြီး၊အဲဒီအတောအတွင်းမှာ ဂိမ်းကို အရူးအမူးကစားခဲ့တာပါ။ဒါပေမယ့် မိဘတွေကတားမြစ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။သူတို့သားဟာ အခုမှ ဖုန်းစကိုင်တာဖြစ်လို့၊တဖြည်းဖြည်း ပြောလည်းရတယ်လို့ တွေးမိကြလို့ပါ။ဒါပေမယ့် ကလေးဟာ မျက်လုံးတွေလည်သလိုလို၊စွေသလိုလို ဖြစ်လာခဲ့တာကို သူတို့ ထိတ်လန့်စွာ သတိထားလိုက်မိပါတယ်။
ဒေါက်တာနဲ့ ပြသစဉ်မှာ ဒေါက်တာက တစ်ပတ်လောက် ဖုန်းမဆော့ဖို့ ပြောခဲ့ပါတယ်။ဒါပေမယ့် ကောင်လေးက မရပ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ဖခင်ဖြစ်သူက သားကို ပိုအလိုလိုက်သူမို့ တစ်ခြားနည်းနဲ့ ကုသလို့မရဘူးလား မေးတော့ ဒေါက်တာက မဟုတ်ရင် မျက်လုံးကွယ်နိုင်တယ်လို့ ပြောခဲ့ပါသတဲ့။
ကောင်လေး ခံစားနေရတဲ့ ရောဂါဟာ Myopia–nearsightedness ဖြစ်ပြီး၊ သူ့အခြေအနေ တိုးတက်ဖို့ ဒေါက်တာတွေ ဘယ်လိုကုမလဲဆိုတာ စိတ်ဝင်စားစရာပါ။သူ့ကို မိဘတွေက ဖုန်းမသုံးနိုင်အောင် တားဆီးနိုင်လေမလား၊ဒါမှမဟုတ်၊ကောင်လေးက ခေါင်းမာစွာပဲ ဆက်ပြီးဆိုးနေဦးမလားဆိုတာတော့ သူ့ အနာဂတ်အပေါ် မူတည်နေပါတယ်။
Be the first to comment