မြေး(၂၃)ယောက်နဲ့အတူ ဘဝကိုခက်ခဲစွာ ရုန်းကန်လှုပ်ရှားနေရတဲ့ သုဘရာဇာဖွားဖွား ဒေါ်ခင်သန်းဦး
ရန်ကုန်မြို့ရဲ့တစ်ဖက်ကမ်း သန်လျင်မှာ သုဘရာဇာအလုပ်ကို လုပ်ကိုင်နေတဲ့ အသက်(၆၈)နှစ်အရွယ် အဖွားဒေါ်ခင်သန်းဦး ရှိပါတယ်။အဖွားမှာ မြေး(၂၃)ယောက်ရှိပြီး သုသာန်မှာဘဲ အတူတူနေထိုင်ကြပါတယ်။အဖွားဟာ ခင်ပွန်းဖြစ်သူနဲ့ အသက်(၁၉)နှစ်အရွယ် အိမ်ထောင်ကျစဥ် အချိန်မှစပြီး ဒီအလုပ်ကို လုပ်ကိုင်လာခဲ့တာဘဲ ဖြစ်ပါတယ်။
ယခုဆိုလျင် အနှစ်(၄၀)ကျော် (၅၀)နားရောက်လာပြီ ဖြစ်ပါတယ်။လက်ရှိမြေး (၂၃)ယောက်မှာ (၁၈)ယောက်က မိဘတွေ မရှိတော့ပါဘူး။ကျောင်းသား (၆)ယောက်လဲရှိပါတယ်။အားလုံးကို အဖွားကဘဲ တာဝန်ယူထားရတာဖြစ်ပါတယ်။
“သုဘရာဇာအလုပ်က နေ့တိုင်းတော့မရှိပါဘူး တစ်ခါတလေ ငါးရက်ခြား တခါတလေ တပါတ်လောက်မှ အလုပ်ရတာပါ အလုပ်ရှိတဲ့ရက်များမှာတော့ ကလေးတွေကို ကြက်သားလေး ဝယ်ကျွေးလို့ရပါတယ် ကလေးကများတော့ (၂)ကောင်ချက်ရပါတယ် အလုပ်မရှိရင်တော့ ငါးပိထောင်း ဗူးလေးတွေနဲ့ စားကြရပါတယ် သုဿန်မှာ အလုပ်လုပ်လာခဲ့တာ နှစ်(၅၀)လောက် ရှိပါပြီ
မိဘမရှိတော့တဲ့ အမေ့မြေး (၁၈)ယောက်နဲ့အတူ ဘဝကို ရုန်းကန်နေပါတယ် စဏ္ဍာလပဲခေါ်ခေါ်၊ သုဘရာဇာပဲခေါ် ခေါ် အမေ့မြေးတွေ ထမင်းစားရဖို့ အရေးကြီးတယ် စိတ်မဆိုးပါဘူး အဖွားမြေးလေးတွေကို ကောင်းကောင်းမွန်မွန် ထားနိုင်ရင် တော်ပါပြီ”လို့ ပြောပြလာခဲ့ပါတယ်။
Be the first to comment