ကလေးတွေကို အဆိ*တိုက်ပြီး အလှူခံစားနေတဲ့ လူမှုကွန်ယက်ပေါ်က ရက်စက်လွန်းတဲ့ အမျိုးသမီး

ကလေးတွေကို အဆိ*တိုက်ပြီး အလှူခံစားနေတဲ့ လူမှုကွန်ယက်ပေါ်က ရက်စက်လွန်းတဲ့ အမျိုးသမီး

ဒီလိုလုပ်ရပ်မျိုးတွေကို လူမှုကွန်ယက်ပေါ်က သနားကူညီတတ်တဲ့ စေတနာရှင်တွေအတွက် ကြိုတင်သိရှိနိုင်ဖို့ပါ။ထိုင်းနိုင်ငံရဲ့ စီးပွားပျက်ကာလမှာ လူတန်းစားမျိုးစုံဟာ လူလိမ်တွေဘဝ ရောက်နေကြတာမို့ လူ့ပတ်ဝန်းကျင်မှာ ဆိုရှယ်ကနေ ပုံစံမျိုးစုံနဲ့ ကြည့်ရှုသူတွေသနားအောင် ပို့စ်တွေတင်ပြီး အကူအညီတောင်းကြတဲ့သူတွေ အများအပြား တွေ့လာနေရပါတယ်။ဆိုရှယ်လူမှုကွန်ယက်က အလှူရှင်တွေက သနားပြီး အများဆုံး ဝိုင်းကူပေးတာကတော့ ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်တွေပြစားပြီး တောင်းစားနေသူတွေကိုပါ။

ဘန်ကောက်မြို့၊ဒိုးမောင်းနယ်မြေမှာ နေထိုင်နေတဲ့ Nittha Wongwall နစ်ထာဝုန်ဝယ် အသက်(၂၉)နှစ်ခန့်ရှိတဲ့ အမျိုးသမီးဟာ “သူ့ကလေး ခံစားနေရတဲ့ ထူးဆန်းတဲ့ရောဂါကြောင့် သမီးလေးဟာ နာတာရှည်ဆေးရုံမှာ ဆေးကုနေရပါတယ်။တကိုယ်လုံး ဖူးယောင်နေပြီး ပါးစပ်က အမြုပ်ထွက် ဆီးသွားရင် သွေးတွေပါနေပါတယ် မိတ်ဆွေတို့ရယ် တတ်နိုင်သမျှ ကူညီပေးကြပါရှင်”လို့ လူမှုကွန်ယက်ကနေ အကူအညီတောင်းခဲ့တာပါ။

ဒီလိုနဲ့လူမှုကွန်ယက်မှာ ပိုစ့်တင်ပြီး အကူအညီတောင်းခံလိုက်လို့ သူမ ဘဏ်အကောင့်မှာ ပို့လာသူ လူ(၈၀၀၀)ခန့် ရှိသွားပြီး ဘတ်(၁၀)သန်းကျော် (ကျပ်ငွေ သိန်း၄၀၀)ရသွားပါတယ်။ခုလိုလူမှုကွန်ယက်ကနေ သူမသမီးရဲ့အသက်ကို ဝိုင်းကယ်ဖို့ ကြိုးစားကြပေမယ့် ကလေးဟာ သေဆုံးသွားခဲ့ပါတယ်။ဆေးရုံက ကလေးအလောင်းကို ဆေးစစ်တဲ့အခါမှ အစာအိမ်ထဲမှာ ပိုးသတ်ဆေး ဓါတ်ပေါင်းတွေတွေ့ရလို့ ကလေးဟာ သာမန်ရောဂါ မဟုတ်ဘဲ ပိုးသတ်ဓါတုဆေးတစ်မျိုးကို စားမိ၊မျိုမိထားတာကို စစ်ဆေးတွေ့သွားခဲ့လို့ သူမကို သတိပြုမိသွားကြပါတယ်။အခုလိုမျိုး ဒုတိယအကြိမ် သူမထပ်လုပ်တဲ့အခါမှာတော့ ဒါဟာမတော်တဆ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။

မိခင်ဆိုတဲ့ တရားခံအမျိုးသမီးရဲ့ လက်ချက်ဖြစ်နိုင်တယ်ဆိုပြီး ဆိုရှယ်လူမှုကွန်ယက် သတင်းသမားတွေက ပထမဖြစ်ရပ်ကို ပြန်ပြီးရှာဖွေပေးခဲ့ပါတယ်။တကယ်တော့ အဲဒီအမျိုးသမီးဟာ သူမကလေးကို ကျန်းမာရေးဆိုးလာအောင် အစာထဲမှာ ပိုးသတ်ဆေး (အိမ်သာ သန့်ရှင်းရေးဆေး) နည်းနည်းစီ ထည့်​ကျွေးပြီး အခြေအနေဆိုးလာတဲ့အခါ ပုံရိုက်ပြီး အွန်လိုင်းမှာ လိုက်တောင်းတော့တာပါပဲတဲ့။သူ့မ လက်ချက်ကြောင့် ပထမဆုံး ဇာတ်လမ်းဆင် ငွေတောင်းခဲ့တဲ့ သုံးနှစ်မိန်းကလေးတစ်ဦးဟာလည်း ခုလိုပုံစံမျိုးနဲ့ ကိုယ်ထဲမှာ ပိုးသတ်ဆေး အဆိပ်ပြန့်လို့ သေဆုံးခဲ့ရပြီး အွန်လိုင်းအလှူရှင်တွေဆီက ဘတ်သန်း(၂၀)ကျော် ရသွားခဲ့ပါတယ်။

ဒုတိယအကြိမ် နောက်ထပ် ကလေးတဦးကို အဲဒီလိုမျိုး ပုံစံမျိုးလုပ်ပြီး တောင်းရမ်းတဲ့အခါမှာတော့ လူမူကွန်ယက်က သူမကို မှတ်မိသွားခဲ့တာပါ။သူမဟာ အုပ်ထိမ်းသူဆိုပြီး နာမည်ခံကာ ငွေတောင်းတာမို့ သူမဟာ မိခင်အစစ်ဖြစ်တယ် မဖြစ်ဘူးဆိုတာတော့ မသေချာပါဘူး သူမကို စစ်ဆေးနေဆဲပါပဲ။တရားခံအဖြစ် အဲဒီအမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြီး အခုအခါမှာတော့ ဖမ်းဆီးလိုက်ပါပြီ။C r d

Be the first to comment

Leave a comment

Your email address will not be published.


*