တောင်ကိုရီးယားရောက် မြန်မာလုပ်သားလူငယ်လေးရဲ့ သနားစရာအဖြစ်

တောင်ကိုရီးယားရောက် မြန်မာလုပ်သားလူငယ်လေးရဲ့ သနားစရာအဖြစ်

ကိုရီးယားမှာ မြန်မာ လုပ်သား တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်…ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်သွားတယ်လို့ မြန်မာလုပ်သားများအရေးဆောင်ရွက်နေသည့် ကိုဇော်မိုးအောင်က ပြောကြားထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ဂယောင်ဂီပြည်နယ်၊ဖိုချောင်းမြို့၊ဂါဆန်ရပ်ကွက်ရှိ ဓာတ်ပုံဘောင်လုပ်ငန်းမှာ လုပ်ကိုင်နေသည့် ဧရာဝတီတိုင်း၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့မှ အသက်(၃၀)ကျော်အရွယ်ရှိ ကိုအောင်ကျော်ဖြိုးသည် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ (၂၂)ရက်နေ့က စက်ရုံရဲ့ဂိုဒေါင်အတွင်း လည်ပင်းမှာ လျှပ်စစ်ကြိုးပတ်ပြီး စက္ကူပုံးတွေကြားထဲမှာ လဲကျ သေဆုံးနေတာလို့ဆိုပါတယ်။

ကိုရီးယားရောက် မြန်မာလုပ်သားများကို ကူညီဆောင်ရွက်ပေးနေသည့် ကိုဇော်မိုးအောင်က “ကိုရီးယားကို ရောက်တာ(၆)လလောက်ပဲ ရှိသေးတယ် ညတိုင်း အိပ်မပျော်တော့ အလုပ်ရှင်ထံသွားပြီး တစ်လခွဲလောက် မြန်မာပြည်ပြန်နားဖို့ ခွင့်တိုင်တော့ အလုပ်ရှင်က ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပေးခဲ့ပါတယ်။လာမယ့်ဖေဖော်ဝါရီလ (၂၆)ရက်၊တနင်္ဂနွေနေ့မှာ မြန်မာပြည်ပြန်ဖို့ လက်မှတ်ရပြီ။

စက်ရုံနားက အသိညီတစ်ယောက်နဲ့ ဆေးခန်းသွားပြတော့ ဆေးရုံက ညအိပ်ဆေးတွေပေးလိုက်လို့ ညလည်း အိပ်ပျော်သွားတယ်၊ စိတ်တွေလည်းရွှင်လို့ ဘေးကမြင်ရသူနဲ့ မြန်မာပြည်မှ မိသားစုတို့ကလည်း ပျော်နေကြတာပေါ့။မြန်မာပြည် ပြန်တော့မယ်ဆိုတော့ အလုပ်လည်း ကြိုနားလိုက်တယ်။ဖေဖော်ဝါရီ (၂၂)ရက်၊မနက်(၉)နာရီလောက် သူ ရေထသောက်တာကို စက်ရုံမှာအတူလုပ်နေတဲ့ နိုင်ငံခြားသားက နောက်ဆုံးမြင်လိုက်တယ် ပြောတယ်။

နံနက်(၁ဝ)နာရီကျော်လောက် အသိမြန်မာလုပ်သားတစ်ဦးက သူနေတဲ့အခန်းကို သွားကြည့်တော့ သူမရှိတော့ဘူး။ဒါနဲ့ စက်ရုံနားက အသိကပဲ ပတ်ဝန်းကျင်အနီးတဝိုက် ဆိုင်ကယ်နဲ့လိုက်ရှာတာ မတွေ့ ညဂိုဏ်းလည်း ပြန်ဆင်းရတော့မှာမို့ ပြန်အိပ်လိုက်တော့တယ်။မြန်မာပြည်မှ မိသားစုတွေကလည်း နံနက်ပိုင်းမှာ ဖုန်းဆက်တာ လုံးဝဖုန်းမကိုင်ကြောင်း နောက်ပိုင်းမှ သိရပါတယ်။

နေ့လည်(၂)နာရီလောက် အလုပ်ရှင်သားက ဂိုထောင်ထဲမှ ပစ္စည်းယူဖို့သွားတော့ လည်ပင်းမှာ လျှပ်စစ်ကြိုးပတ်ပြီး စက္ကူပုံးတွေကြားထဲမှာ လဲကျသေဆုံးနေတဲ့ အောင်ကျော်ဖြိုး ရဲ့ ရုပ်အလောင်းကို တွေ့လိုက်ရတော့ ရဲစခန်းကို ဖုန်းဆက်အကြောင်းကြား လိုက်ပါတယ်”လို့ ပြောကြားထားပါတယ်။

ရဲဝန်ထမ်းများ ရောက်လာပြီး အလောင်းကိုစစ်ဆေးကာ အအေးတိုက်ကို ပို့လိုက်တယ်လို့လည်း ဆိုပါတယ်။ကိုအောင်ကျော်ဖြိုးသည် ဧရာဝတီတိုင်း ဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့၊အိမ်ခြေ(၅၀၀)ခန့်ရှိ၊ဆူးကလပ်ကျေးရွာနေ (ဦး ကျော်လှ)+ဒေါ်ခင်အေးတို့ရဲ့သားဖြစ်တယ်လို့ ပြောကြားထားပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*