ချစ်သူသစ်နဲ့ရရှိနေပြီဖြစ်ကြောင်း အသိပေးလာခဲ့တဲ့ မော်ဒယ်လ်ဇာဇာထက်

ချစ်သူသစ်နဲ့ရရှိနေပြီဖြစ်ကြောင်း အသိပေးလာခဲ့တဲ့ မော်ဒယ်လ် ဇာဇာထက်

လုံးကြီးပေါက်လှ ခန္ဓာကိုယ်နဲ့ ပုရိသတွေအကြိုက် ဆက်စီကျကျ မျက်နှာကိပိုင်ဆိုင်ထားတဲ့ ဇာဇာထက်ကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီ မော်ဒယ်လ်တစ်ယောက်ပါပဲ။ဇာဇာထက်ဟာ ဆက်စီမော်ဒယ်လ်ဘဝကနေ အနားယူလိုက်တာ နှစ်အနည်းငယ်ရှိပြီဖြစ်ပြီ အွန်လိုင်းပေါ်မှာ ပစ္စည်တွေရောင်းချရင်းနဲ့သာ ဘဝကိုရှေ့ဆက်နေတာပဲဖြစ်ပါတယ်။

အဆိုတော် နေလင်းကျော်နဲ့လည်း တရားဝင်ကွာရှင်းထားပြီးပြီဖြစ်တဲ့ ဇာဇာထက်ဟာ ဒီကနေ့မှာတော့ အားလုံးကသိချင်နေကြတဲ့ သူမရဲ့အချစ်ရေးအကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။

ဇာဇာထက်က “ဒို့မှာလဲ ဒို့သက်ဆိုင်သူနဲ့ ဒို့ပါနော် မဆီမဆိုင်ကြားထဲက ဒို့ရည်းစားလေး အဆဲခံရမှာစိုးလို့❤️happy one year 3 months anniversary ပါနော်❤️ကျွန်မရဲ့ အဆိုးဆုံးအချိန်မှာ ရောက်ရှိလာပြီး ဒီအခြေအနေတွေရောက်ဖို့ အတူတူရုန်းကန်လာခဲ့တာပါ❤️

ကိုယ့်ရှိတဲ့ဆီကို ဆိုက်”မြိုက်”သူ့ဟာသူရောက်လာတဲ့အချစ်😍 ကိုယ့်အပေါ်ရော သူ့အပေါ်ရော မကောင်းတဲ့သူကို မောင်နှမသားချင်းစာနာပြီး (၂)ယောက်အတူရှာထားတဲ့အထဲက ကူညီပေးတတ်တဲ့စိတ်ရှိသူ❤️

ကိုယ့်အားနည်းချက်ကို ဘယ်သောအခါမှ မပြောတတ်သူ❤️” ဆိုပြီးတော့ သူမချစ်သူရဲ့ အရည်အချင်းတွေကို ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ပထမအကြိမ် အချစ်ရေးမှာ ကံမကောင်းခဲ့တဲ့ ဇာဇာထက်တစ်ယောက် ဒီတစ်ခါမှာတော့ ကံကောင်းမှုတွေပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*