ချစ်သူ(၂)ဦးချိန်းတွေ့နေစဉ် လူ(၃)ဦးရောက်လာပြီး ကောင်လေးကိုဓါးနဲ့ထိုးကာ ကောင်မလေးကို..
စစ်တွေမြို့မှာ သမီးရည်းစားချိန်းတွေ့နေစဉ် လူ၃ဦးရောက်လာပြီး ကောင်လေးကိုဓါးနဲ့ထိုးကာကောင်မလေးကို လုယူပြန်ပေးဆွဲခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီဓါးထိုးပြန်ပေးဆွဲမှုဖြစ်စဉ်ဟာယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ ည ၉ နာရီကျော်အချိန်မှစစ်တွေမြို့မှာရှိတဲ့ ကန်တော်ကြီးအနီး ပတ်ဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ကသမီးရည်းစားချိန်းတွေ့တာကနေဖြစ်ကြတာပေါ့၊အချိန်က ည ၉ နာရီ ၄၅ မိနစ်လောက်ရှိနေပြီပြော တယ်။စစ်တွေမြို့ကန် တော်ကြီးနားမှာသူတို့သမီးရည်းစားတွေချိန်းတွေ့ကြတယ်၊အဲ့နား ကလူလည်းပြတ်တယ်လေ၊တော်ရုံလူလည်းမသွားကြဘူး။အဲ့လို ချိန်းတွေ့နေတဲ့အချိန်မှလူ ၃ ယောက်ကရောက်လာတယ်ပြော တယ်။ အမျိုးသားသုံးယောက်ကရောက်လာတယ်။
နောက်အဲ့လူ ၃ ယောက်ကကောင်မလေးကို အတင်းဆွဲပြီးကောင်လေး ကိုဓါးနဲ့နှစ် ချက်ထိုးတယ်ပြောတယ်။ကောင်လေးကနောက်ကျောဘက်မှာဓါး ဒဏ်ရာနှစ်ချက်ရာတယ်။အခုကောင်လေးကစစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။ဘာကြောင့်အခုလိုခေါ်သွားလဲ၊အခုလို လုပ်ရတာလဲတော့သေချာမသိရပါဘူး။ကောင်မလေးကကျနော်တို့ ရပ်ကွက်ထဲကလူတွေနဲ့ပြန်လိုက်ရှာတော့အဲ့ညမှာပဲပြန်တွေ့တယ်။
ခေါ်သွားတဲ့ ၃ ယောက်ကလည်းပြန်လွှတ်ပေးတယ်။ကောင်မလေး ကတော့ဘာဒဏ်ရာမှမရခဲ့ပါဘူး။ ဒဏ်ရာရတာကကောင်လေးပါ ပဲ၊စစ်တွေမှာကဒီလိုဖြစ်စဉ်တွေအရင်ကသိပ်မရှိဘူး။ဒါကပထမ ဦးဆုံးဖြစ်တဲ့ဖြစ်စဉ်လို့တောင်ပြောလို့ရပါတယ်”လို့ စစ်တွေမြို့ခံ ပရဟိတသမားတစ်ဦးက မြန်မာ့ပလက် ဖောင်းသို့ ပြောပြပါတယ်။
အခုလိုဖြစ်စဉ်ဟစစ်တွေမြို့မှာဖြစ်တောင့်ဖြစ်ခဲဖြစ်စဉ်တစ်ခုဖြစ် ပြီးလုယူပြန်ပေးဆွဲခံရတဲ့ကောင်မလေးကိုလည်းအဲ့ဒီညမှာပင်သူမ ရဲ့နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းဒေသခံပရဟိတ သမားတွေကပြောပါတယ်။ဓါးဒဏ်ရာရခဲ့တဲ့ကောင်လေးဖြစ်သူကိုတော့ နယ်မြေခံလူမှုကူညီ ရေးအသင်းဖြစ်တဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း က အရေးပေါ် လူနာတင်ယာဉ်ဖြင့်စစ်တွေမြို့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Be the first to comment