ဦးတီကိုလွမ်းလို့ လက်ရှိဓာတ်ပုံလေးတွေပို့ပေးဖို့တောင်းဆိုလာတဲ့ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ငွေတီဦး
ပရိသတ်ကြီးတို့ရေ နိုင်ငံကျော်မင်းသားချော အကယ်ဒမီ ပြေတီဦးရဲ့ညီမဖြစ်သူ ငွေတီဦးကိုတော့ ပရိသတ်တိုင်း သတိထားမိကြလိမ့်မယ်လို့ ထင်ပါတယ်နော်။ငွေတီဦးရဲ့ခင်ပွန်းဖြစ်သူ ကိုညဏ်လင်းဦး ဟာ ကိုဗစ်နောက် ဆက်တွဲဝေဒနာကို ခံစားရပြီးနောက် ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လဲ ခင်ပွန်းကွယ်လွန်သွားပြီးတဲ့နောက် သူမဟာ ခင်ပွန်းဖြစ်သူအတွက် ကောင်းမှုကုသိုလ်တွေကို အချိန်နဲ့အမျှပြုလုပ်ပေးနေခဲ့ပြီး ငြိမ်းချမ်းတည်ငြိမ်စွာနဲ့ တရားဓမ္မတွေကို လေ့လာလိုက်စားနေသူလေးပါ။ယခုအခါမှာတော့ ငွေတီဦးက အစ်ကိုဖြစ်သူပြေတီဦးရဲ့အကြောင်းကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။
“ဦးတီကို လွမ်းလို့လက်ရှိပုံလေးတွေ ပို့ပေးပါဆိုသူတွေကိုလည်း အရမ်းအားနာပြီး တောင်းပန်ပါတယ် အမလေ တကယ်တော့ ပို့ပေးချင်တာပေါ့ ဒါပေမဲ့ ကိုယ်က ကာယကံရှင်မဟုတ်ဘူးလေနော် ကိုယ်ပို့လိုက်တဲ့ပုံကြောင့် တခုခုဖြစ်သွားရင် ကိုယ့်တာဝန်ဖြစ်မယ် ဒါကြောင့်အရမ်းတောင်ပန်းပါတယ်။ကိုကိုက အရမ်း တည်ငြိမ်တယ်၊ ရင်ဆိုင်နိုင်တယ်၊ ဒါဟာလောကဓံရဲ့ နိယာမတစ်မျိုးပဲလို့တွေးပြီး အေးအေးချမ်းချမ်း ရင်ဆိုင်နိုင်ပါတယ်။
သားအမိနှစ်ယောက်တည်းဆိုပေမဲ့ မေမေ့ကိုလည်း ပြောထားတယ်၊စွဲလမ်းမှုတွေ၊စိတ်ပူပန်မှုတွေ၊အာရုံတွေကို မေမေ အမြဲတမ်းဖြတ်တောက်နိုင်ဖို့ ပြင်ဆင်ထားပါလို့လည်း သတိပေးဖြစ်တယ်၊မေမေ့ကို ဆရာလုပ်တာတော့မဟုတ်ပါဘူး။ဦးတီရဲ့ပရိသတ်တွေက မေမေ့ကိုတောင် အရမ်းချစ်ပေးကြတယ်၊အစ်မတို့ထားခဲ့တဲ့ ကုသိုလ်ကံလေး ပြန်အကျိုးပေးကြတာလို့ပဲမြင်ပါတယ်”ဆိုပြီးတော့ ပြောပြလာခဲ့တာပါ။
Be the first to comment