အိမ်ထောင်ရှိရက်သားနဲ့ မိန်းမထပ်ယူတယ်ဆိုပြီး ဝေဖန်ခံနေရတာကြောင့် ဒေါသထွက်ကာ ပေါက်ကွဲနေတဲ့ တိုင်းကျော်

အိမ်ထောင်ရှိရက်သားနဲ့ မိန်းမထပ်ယူတယ်ဆိုပြီး ဝေဖန်ခံနေရတာကြောင့် ဒေါသထွက်ကာ ပေါက်ကွဲနေတဲ့ တိုင်းကျော်

ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ပြက်လုံးတွေနဲ့ တင်ဆက်ပေးနေကျဖြစ်တဲ့ ဟားငါးကောင် အဖွဲ့ဟာဆိုရင် ပရိသတ်အချစ်တော် အငြိမ့်အဖွဲ့ပဲ ဖြစ်ပါတယ်။ပြက်လုံးတွေကိုဖန်တီးသရုပ်ဖော်တာ တော်ရုံမက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

ရင်ဘတ်ချင်းတူ ညီအစ်ကိုငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာဆိုရင် အမှန်တရားအတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါ တယ်။ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ တောတွင်းတစ်နေရာဖြစ်တာကြောင့် အစားအသောက် အနေအထိုင် ခက်ခဲကြမ်းတမ်းပါတယ်။ရာသီဥတုမမှန်တဲ့အပြင် စောင်၊ခြင်ထောင် လုံလောက်စွာ မရရှိတဲ့ တောထဲမှာ ခက်ခဲစွာနေထိုင်နေကြ ရတာကြောင့် တစ်ခါတရံကျန်းမာရေးတွေ ထိခိုက်ကြရပါတယ်။

တိုင်းကျော်ဟာ မိတ်ဆွေတွေဖြစ်ကြတဲ့ အဆိုတော် မူးလာနဲ့ ပိုးလေး တို့နဲ့အတူ ပျော်ပျော်ပါးပါး Live လွှင့်၍ သီချင်းဆိုပြီး ဟာသတွေ တင်ဆက်ပေးလေ့လဲ ရှိပါတယ်။ဒီလိုဖျော်ဖြေပေးနေတာကြောင့်လဲ ဒီကာလမှာ ပျော်ရွှင်စရာမရှိတဲ့ ပြည်သူတွေအတွက် စိတ် အပန်းပြေရာရစေပါတယ်။လူရွှင်တော် တိုင်းကျော်ဟာ မကြာသေးခင်ရက်ပိုင်းလောက်က ချစ်ရတဲ့ချစ်သူနဲ့အတူ ရွှေလက်တွဲသွားခဲ့ပြီး တော်လှန်ရေး နယ်မြေမှာပဲ လက်ထပ်ပွဲလေးကို ပကာသနာကင်းမဲ့စွာ ကျင်းပခဲ့ပါတယ်။

တော်လှန်ရေးလုပ်ရင်းနဲ့ ချစ်သူနဲ့လက်ထပ်ခဲ့တဲ့ တိုင်းကျော်ကိုတော့ အချို့ မနာလိုသူတွေကတော့ ပြစ်တင်ရှုတ်ချကြပြီး ဝေဖန်သံတွေကဆူညံသွားခဲ့ပါ တယ်။ဒါအပြင် လူရွှင်တော် တိုင်းကျော်ဟာ ကလေးနဲ့မိန်းမရှိတယ်ဆိုတဲ့ ကောလဟလတွေနဲ့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေလဲ ရှိပါသေးတယ်။ဒီလိုတိုက်ခိုက်မှု့တွေကို ဟားငါးကောင် လူရွှင်တော် တိုင်းကျော်က အိမ်ထောင်ရှိရက်နဲ့ မိန်းမထပ်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး

ဝေဖန်နေတာတွေကို သည်းမခံနိုင်တော့ဖူးဆိုတဲ့အကြောင်းကိုသူ့ရဲ့လူမှုကွန်ယက် ပေါ်ကနေ”ဒီနေ့ကစပြီးဘယ်ကောင့်ကိုမှ သည်းမခံတော့ဖူး” ဆိုပြီး ရေးသားထားတာကို တွေ့ရပါ တယ်။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*