ဒေါပုံမှာကားစောင့်နေတဲ့ အမျိုးသမီးတစ်ဦး ပိုက်ဆံအိတ်အလုခံရလို့ အော်ဟစ်အကူအညီတောင်းစဉ် ဓ ားဖြင့်အထိုးခံရ
ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံမြို့နယ်မှာ ကားစောင့်နေတဲ့ အမျိုးသမီးတစ်ဦး ပိုက်ဆံအိတ် အလုခံရပြီး ဓားဖြင့်အထိုးခံရမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဖေဖော်ဝါရီလ (၂၄)ရက်နေ့ညပိုင်းက ဒေါပုံမြို့နယ်၊ရန်အောင်ကားမှတ်တိုင်အနီး မောင်နှမနှစ်ဦး ကားစောင့်နေချိန် အမဖြစ်သူရဲ့ ပိုက်ဆံအိတ်အလုခံရလို့ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရာမှ ပိုက်ဆံအိတ်လုတဲ့သူက အမဖြစ်သူ အမျိုးသမီးကို ဓားဖြင့်ထိုးသွားတယ်လို့ ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်အတွင်း ဒဏ်ရာရှိတဲ့ အမျိုးသမီးကို ရှင်သန်ရေးကူညီမှုအသင်းကနေ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Be the first to comment