ကိုယ်ပိုင်အဝတ်အစားဆိုတာ မရှိတော့တာကြောင့် ပြည်သူတွေပေးတဲ့ အဝတ်အစားကို အဆင်ပြေသလို ဝတ်ရတယ်ဆိုတဲ့ လူရွှင်တော် ပိုးလေ

ကိုယ်ပိုင်အဝတ်အစားဆိုတာ မရှိတော့တာကြောင့် ပြည်သူတွေပေးတဲ့ အဝတ်အစားကို အဆင်ပြေသလို ဝတ်ရတယ်ဆိုတဲ့ လူရွှင်တော် ပိုးလေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဟားငါးကောင်အဖွဲ့ကို လူရွှင်တော် တိုင်းကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော်၊တိုးကျော် အစရှိတဲ့ လူရွှင်တော် ငါးဦးနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဟားငါးကောင်အဖွဲ့ဟာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ စစ်သင်တန်းတတ်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားနေ ကြတာပဲ ဖြစ်ပါတယ်။

ဟားငါးကောင် အဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင် လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။လူရွှင်တော် ပိုးလေးကတော့ ခံစားချက်တွေကို သူ့ရဲ့ကိုယ်ပိုင်အကောင့်မှာ အခုလိုပဲရေး သားလာခဲ့ပါတယ်။

“တောထဲရောက်ထဲက ကိုယ်ပို င်အဝတ်အစားဆိုတာ မရှိခဲ့ဘူး။ ပြည်သူတွေ လှူပေးတာလေးတွေပဲ ဝတ်ရတာပေါ့ဗျာ” လို့ သူ့ရဲ့လူမူ ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ခက်ခဲတဲ့ လွတ်မြောက်နယ် မြေမှာ အတူတကွ ရောက်ရှိနေတဲ့ ဟားငါးကောင် အဖွဲ့ကတော့ ကျရာတာဝန်ကို ထမ်းဆောင်နေကြတာကြောင့် ပြည်သူတွေက ပိုမိုချစ်ခင် အားပေးကြရပါတယ်။

ပရိသတ်ကြီးရေ လူရွှင်တော် ပိုးလေးကတော့ ယနေ့အချိန်ထိ ကိုယ်ပိုင်အဝတ်အစားဆိုတာ မရှိခဲ့ပါ ဘူးတဲ့၊ ပြည်သူတွေပေးတဲ့ အဝတ်အစားတွေကိုပဲ ဝတ်နေရတာကြောင့် ပျော်နေမိတဲ့အကြောင်း ရေး သားထားတာပဲ ဖြစ်ပါတယ်။ လူရွှင်တော် ပိုးလေးကို အားပေးစကား ပြောပေးခဲ့ကြပါအုံးနော်။ ဖတ်ရှု့ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*