ခရီးသွားတွေကို (၂၅)ကြာ လိုရာခရီး ပို့ဆောင်ပေးခဲ့ရလို့ ကျောရိုးပျက်စီးသွားရတဲ့ သနားစရာဆင်မလေး
ထိုင်းနိုင်ငံက ဆင်မလေးတစ်ကောင်ဖြစ်တဲ့ ပိုင်လင်းဟာ ထိုင်းကို အလည်လာတဲ့ ခရီးသွားတွေအတွက် (၂၅)နှစ်ကြာ ထမ်းပိုးကာ လိုရာခရီးကို ပို့ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
တစ်နေ့ကို အကြိမ်ရေ (၆)ခါအထိ ထမ်းပို့လေ့ရှိပြီး လည်ပတ်သူများရင် များသလို (၁၀)ခါအထိ ထမ်းပိုးခဲ့ရတဲ့နေ့တွေလည်း ရှိခဲ့ပါတယ်။
လက်ရှိမှာ ကျောရိုးတစ်ခုလုံး အောက်ကို ကျွံကျသွားပြီး လုံးဝကို ပုံပျက်သွားလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့အကြီးဆုံး တောရိုင်းတိရစ္ဆာန် စင်တာကနေပြီးတော့ ဆင်မလေးရဲ့ တသက်တာအတွက် ကယ်တင်စောင့်ရှောက်သွားမှာဖြစ်ပြီး နောင်အခါများမှာလည်း သဘာဝအတိုင်းပဲ နေထိုင်ကျက်စားသွားစေမယ်လို့ သိရပါတယ်။
Be the first to comment