ပိုက်ဆံမရှိလို့ ကလေးကို ရေတိုက်နေရတယ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကြင်ဖော်မဲ့ ကလေးအမေလေးရဲ့ဘဝ

ပိုက်ဆံမရှိလို့ ကလေးကို ရေတိုက်နေရတယ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကြင်ဖော်မဲ့ ကလေးအမေလေးရဲ့ဘဝ

လူလောက၏ခက်ခဲလှသော အခြေအနေများကို မသိသေးသော ဆယ်ကျော်သက်အရွယ်များတွင် အမှားလုပ်မိတတ်ကြပါတယ်။

သို့ပေမယ့်လည်း အချို့သော အမှားများသည် အမှန်ပြင်နိုင်သော်လည်း အချို့အမှားကတော့ အမှန်ပြင်၍မရနိုင်တော့ဘဲ ခက်ခဲမှုတွေကို ရင်ဆိုင်ကြရပေသည်။

နာမည်ကို “T” ဟုသာဖော်ပြထားသော ၁၆နှစ်အရွယ် သမီးငယ်လေးသည် ချစ်သူကောင်လေးနှင့် မှားယွင်းခဲ့သည့်နောက်တွင် ကိုယ်ဝန်ရရှိလာခဲ့ပါတယ်။

ထိုအချိန်တွင် ကောင်လေးက ထွက်ပြေးသွားခဲ့သောအခါမှာတော့ ကောင်မလေးသည် ကလေးမွေးရန် ဖွံ့ဖြိုးမှုမရှိသေးသော်လည်း ရအောင်မွေးဖွားခဲ့ပြီး မိခင်၊အဖွားတို့နှင့်နေထိုင်လျက်ရှိပါတယ်။

မိသားစု စားဝတ်နေရေးကလည်း မပြေလည်သည့်အတွက် အချို့ရက်များတွင် ကလေးကိုနို့မှုန့်ဝယ်မတိုက်နိုင်ဘဲ ရေကိုသာတိုက်ကျွေးနေခဲ့ရတယ်ဟုသိရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*