နောင်ဘဝတွေမှာလဲ မိဘတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ဖြစ်စေချင်တဲ့ ဆန္ဒကိုပြောပြလာတဲ့ သီဟတင်စိုးရဲ့သားနဲ့သမီး

နောင်ဘဝတွေမှာလဲ မိဘတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ဖြစ်စေချင်တဲ့ ဆန္ဒကိုပြောပြလာတဲ့ သီဟတင်စိုးရဲ့ သားနဲ့ သမီး

ထပ်ဆင့် အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုး (အသက် ၅၇ နှစ်)က ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ နေ့လည် (၁၂) နာရီခန့်က နှလုံးရောဂါနဲ့ သင်္ကန်းကျွန်း စံပြဆေးရုံမှာ ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသားကြီး သီဟတင်စိုးကိုရည်စူးပြီး ကျန်ရစ်သူ သားနဲ့သမီးမှ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ်မှာ ရက်လည်ဆွမ်းကျွေး တရားနာယူခဲ့ကြပါတယ်။

“ဖေဖေနဲ့မေမေရဲ့ ဈာပနမှာ ချစ်တဲ့ ပရိတ်သတ်တွေက အများ ကြီးပဲ လာကြတယ်။ဖေဖေ့နားကို ကပ်ပြီး ပြောလိုက်သေးတယ် လူတွေ အများကြီးပဲ လာကြတယ်။

ဖေဖေ့ကိုချစ်တဲ့ ပရိတ်သတ်တွေက မနေကြဘူးလို့ နောင်ဘဝတွေကျရင်လဲ ဖေဖေနဲ့မေမေကို အခုလိုမျိုးအောင်မြင်တဲ့ အနုပညာရှင်ဘ၀အနေနဲ့ ပြန်လာပေးပါ။ဒီလိုလေးပဲ မြင်ချင်တာပါ”လို့ သားနှင့် သမီးဖြစ်သူက ပြောခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*