ဇွဲကပင်တောင်ပေါ် ကရင်မောင်နှမနတ်နန်းအနီးမှာ ဘုရားဖူးရန်တက်သွားတဲ့ အမျိုးသားတစ်ဦးဟာ…

ဇွဲကပင်တောင်ပေါ် ဘုရားဖူးရန် တက်သွားတဲ့ အမျိုးသားတစ်ဦးဟာ…

ကရင်ပြည်နယ်မှာရှိတဲ့ ဇွဲကပင်တောင်ပေါ် သို့ ဘုရားဖူးရန်တက်သွားတဲ့ အမျိုးသားတစ်ဦးဟာရုတ်တရက် အမောဖောက်ကာ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) ရဲ့ အသိပေးကြေညာချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ကရင်ပြည်နယ်၊ဘားအံမြို့၊ဇွဲကပင်တောင်တက်လမ်း (အနောက်ဘက်ခြမ်း-လုမ္မနီဥယျာဉ်) အထက်ရေတံခွန်အကျော် ကရင်မောင်နှမနတ်နန်းအနီးမှာ အမျိုးသားတစ်ဦးဟာ အမောဖောက်ကာ သတိလစ်မေ့လဲနေကြောင်း အကြောင်းကြားခဲ့တာကြောင့် ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့တွေနဲ့ သွားရောက်ကူညီပေးခဲ့ပေမယ့်လည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအမျိုးသားဟာ နှလုံးရောဂါအခံရှိသူဖြစ်ပြီး အမောဖောက်၍ နှလုံးရပ်ကာ ရုတ်တရက်သေဆုံးသွားခဲ့တာဖြစ်ပြီး ယင်းကို ကယ်ဆယ်ရေးအဖွဲ့များမှ ဇွဲကပင်တောင်ခြေသို့ သယ်ဆောင်ခဲ့ပြီး ပေးဆပ်သူလူမှုကယ်ဆယ်ရေးအဖွဲ့ (မြိုင်ကလေး)မှ လူနာတင်ယာဉ်ဖြင့် လူနာရဲ့နေရပ် မြိုင်ကလေးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*