မီးဖွားပြီးကာစမိန်းမကို ထိန်းသိမ်းရမှန်းမသိ အတင်းလူမဆန်စွာဆက်ဆံခဲ့တဲ့ ခင်ပွန်းကြောင့်…
“မြောက်ဥက္ကလာ မေဓာဝီဆေးရုံ မီးယပ်ဆောင်မှာဆေးရုံတက်နေရတဲ့ မအိခိုင်အတွက် အိုသွေးလိုပါတယ်။ကလေးမွေးပြီးတာ (၂၅)ရက်ဘဲရှိပါသေးတယ်။ ကျောက်ကပ်နဲ့ အမျိုးသမီးရောဂါ ဖြစ်နေတာပါ။ကဲ ဆေးရုံက လက်လျှော့လိုက်ပါပြီတဲ့ မနက်ဖြန် အိမ်ပြန် ခေါ်ရပါမယ်တဲ့ မအိခိုင်အတွက် သွေးလှူရှင်မလိုတော့ပါဘူး။
(၂၅)ရက်သားကလေးလေးအတွက် နို့မှုန့်ပိုလိုသွားပါပြီရှင်။မီးဖွားပြီးကာစကို ထိန်းသိမ်းရကောင်းမှန်းမသိဘဲ မိန်းမကိုအတင်းလိင်ဆက်ဆံရာကနေ သားအိမ်ဒဏ်ဖြစ်၊ဂရုမထားမိရာက အပုပ်ဆန်လာတာမို့ ဆေးရုံတင်လိုက်ရတာလို့ သိရပါတယ်။အချိန်မီကယ်တင်ဖို့ ငွေကြေးမလုံလောက်ရာက ကျမတို့သိရချိန်ကတော့ အချိန်လွန်သွားပါပြီ။
အခုတော့ (၂၅)ရက်ကလေးလေးအတွက် ရှေ့ဆက်ဖို့ နို့မှုန့်ဖိုးလေးများ လှူပေးချင်ရင်ရပါတယ်နော်။ အသင်းကလည်း မနက်ဖြန် နို့မှုန့်၊အနှီး၊ဒိုက်ဘာနဲ့ ကလေးအဝတ်တွေ သွားလှူပါ့မယ်။နို့မှုန့်လှူချင်သူရှိရင် ပြောပါနော်”
Edit, မအိခိုင်လေး ဆုံးရှာပြီ နောက်ဘဝတွေ လူမဆန်တဲ ခင်ပွန်းမရပါစေနဲ့ကွယ်” 09680060052 (wave and kpay)GloryTeam၊ပြည်သူသို့ချစ်ခြင်းမျှဝေ
Be the first to comment