သတိထားကြပါ အယုံလွယ်သူတွေကို လွယ်လွယ်လေးလုပ်သွားတာပါ

သတိထားကြပါ အယုံလွယ်သူတွေကို လွယ်လွယ်လေးလုပ်သွားတာပါ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၌ Kpay အကောင့်အား အဆင့်မြင့်ပေးမည်ဟုဆိုကာ ကျပ်ငါးသိန်းကျော်အား လိမ်လည်ထုတ်ယူသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဇန်နဝါရီလအတွင်းက အုတ်ဖိုမြို့၌နေထိုင်ပြီး Kpay အကောင့် ဖွင့်လှစ်ထားသူ အမျိုးသားတစ်ဦးထံသို့ အမည်မသိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး အကောင့်အား အဆင့်မြင့်တင်ပေးမည်ဟုဆိုကာ လျှို့ဝှက်နံပါတ်အားတောင်းယူ၍ လုပ်ဆောင်ပေးခဲ့ကြောင်း ကနဦးသိရသည်။

ထို့နောက် ဇန်နဝါရီ ၁၈ရက်တွင် ၄င်း၏ Kpay အကောင့်အား စစ်ဆေးရာမှ ငွေကျပ် ငါးသိန်းသုံးသောင်းခန့်အား လိမ်လည် ထုတ်ယူသွားကြောင်းသိရ၍ အမည်မသိ အမျိုးသားအား ဖမ်းဆီးပေးရန် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

“လိမ်တဲ့သူက password ယူပြီးတော့ တခြားဆိုင်မှာ ငွေထုတ်သွားတာ။ဒီရက်ပိုင်းတင် ဖမ်းမိတယ်“ ဟုရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကဆိုသည်။ဖမ်းဆီးရမိသူမှာ အသက် ၃၀ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ကာ လိမ်လည်၍ ငွေထုတ်ယူကြောင်းလည်း ဝန်ခံသဖြင့် တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း နည်းပညာပိုင်းဖြင့် Kpay အကောင့်များမှတစ်ဆင့် မြန်မာနိုင်ငံသားများထံမှ ကျပ်သိန်း ၁,၄၀၀ နီးပါး လိမ်လည်ခဲ့သည့် နိုင်ဂျီးရီး ယားနိုင်ငံသား ၅ ဦးအား ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ Star City အိမ်ယာတွင် ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ Kpay အကောင့်များမှတစ်ဆင့် ငွေလိမ်လည်မှုများ များပြားနေသဖြင့် ငွေကြေးများစွာ ဆုံးရှုံးမှုမရှိစေရန် သတိပြု၍သုံးစွဲသင့်ကြောင်း အသိပေးချက်များကို နိုင်ငံပိုင်သတင်းစာများတွင် ယခုရက်ပိုင်းအတွင်း ဖော်ပြထားသည်။

Be the first to comment

Leave a comment

Your email address will not be published.


*