ပန်းဆိုးတန်း-ဒလပြေးဆွဲပေးနေတဲ့ ချယ်ရီသင်္ဘောပေါ်မှ အမျိုးသားကြီးတစ်ဦး…
ပြည်တွင်းရေကြောင်းပိုင် ပန်းဆိုးတန်း-ဒလပြေးဆွဲပေးနေသည့် ချယ်ရီသင်္ဘောပေါ်မှ အသက်(၅၅)နှစ်အရွယ်ရှိ အမျိုးသားကြီးတစ်ဦး မြစ်ထဲပြုတ်ကျသွားခဲ့မှု မတ်လ(၁)ရက်၊နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် (၉)နာရီခန့်က ဒလဆိပ်ကမ်းမှစတင်ထွက်ခွာစဥ် သင်္ဘောပေါ်မှတဆင့် သင်္ဘောနှင့်ဆိပ်ခံဘောကြားရှိ မြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။”ပြုတ်ကျသွားတာကို မြင်လိုက်တယ် ဆိပ်ကမ်းကလူတွေကော သင်္ဘောပေါ်ကလူတွေကော ဝိုင်းအော်ကြတာပေါ့။
ဆိပ်ကမ်းနားကလူတွေက ချက်ချင်းဆင်းပြီး ကယ်ပေးလိုက်တဲ့အတွက် အသက်ရှင်ပါတယ်”ဟု ဒလမြို့နယ်နေသူတစ်ဦးက ပြော သည်။သင်္ဘောပေါ်မှတဆင့် မြစ်ထဲသို့ ပြုတ်ကျခဲ့သည့် အမျိုးသားကြီးသည် ကော့မှူးမြို့နယ်၊ဇီကုန်းကျေးရွာနေ ဦးလှဦး (၅၅)နှစ်ဖြစ်ကြောင်း သိရသည်။
Be the first to comment