တောင်ကြီး၊မြို့ရှောင်လမ်းမှာ လင်မယား(၂)ယောက် ဆိုင်ကယ်စီးလာပြီး လမ်းဘေးအပေါ့သွားစဉ်…

တောင်ကြီး၊မြို့ရှောင်လမ်းမှာ လင်မယား(၂)ယောက် ဆိုင်ကယ်စီးလာပြီး လမ်းဘေးအပေါ့သွားစဉ်…

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့ရှောင်လမ်းမှာ လင်မယား ၂ယောက် ဆိုင်ကယ်စီးလာပြီး အပေါ့သွားနေစဉ် အမျိုးသား၃ ဦး ရောက်လာပြီး အမျိုးသားဖြစ်သူကို ဓားနဲ့ထိုးကာ ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်၊ နေ့လယ် ၁၁နာရီကျော်က လုယက်ခံရတဲ့ လင်မယားဟာ တောင်ကြီးမြို့ မြို့ရှောင်လမ်းဘက်မှ မောင်းနှင်လာပြီး လမ်းဘေးမှာ အပေါ့သွားနေစဉ် အမျိုးသား ၃ယောက် ဆိုင်ကယ်နဲ့ ရောက်ရှိလာကာ ဆိုင်ကယ်၊ ပိုက်ဆံအိတ်နဲ့ ဖုန်းတို့ကို ဓားထိုးလုယက်ခဲ့တာ ဖြစ်တယ်လို့ သွားရောက်ကူညီပေးခဲ့သူ တစ်ဦးက ပြောပါတယ်။

ဓားထိုးလုယက်ခံရတဲ့ လင်မယားကို ခရီးသွားတစ်ဦးက တွေ့ရှိခဲ့လို့ ရှမ်းပြည်တောင်ပိုင်း ကြက်ခြေနီအသင်းကို ဖုန်းဆက် အကူအညီတောင်းခံတဲ့အတွက် သွားရောက် ကူညီပေးခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။

လုယက်မှုဖြစ်ပွားခဲ့တဲ့ မြို့ရှောင်လမ်းဟာ လူပြတ်ပြီး အသွားအလား နည်းပါးတယ်လို့ သိရကာ ဓားထိုးခံရတဲ့ အမျိုးသားကို တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီးကို တင်ပို့ပေးထားတယ်လို့ သိရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*