ဆွမ်းလှူတဲ့လူလည်းမရှိတော့ ကိုရင်တို့က မနက်အာရုံ တစ်ခုခုမဘုန်းရင် ဝမ်းဟာတာ မခံနိုင်လို့ပါတဲ့😭

ဆွမ်းလာလှူတဲ့လူလည်းမရှိတော့ ကိုရင်တို့က စာဝါလိုက်နေကြတာဆိုတော့ မနက်အာရုံ တစ်ခုခုမဘုန်းရင် ဝမ်းဟာတာ မခံနိုင်လို့ပါတဲ့😭

ညနေပိုင်း စျေးဆိုင်နားမှာ မယောင်မလယ်နဲ့ ကိုရင်(၂)ပါး တီးတိုးပြောနေကြတာတွေ့လို့ ဘာလဲပေါ့ဆိုပြီး နားထောင်မိတယ် မလှမ်းမကမ်းကနေ “မင်းသွားဝယ်၊ ငါသွားဝယ်”နဲ့ ညင်းခုံနေကြတာပေါ့။ကျနော်လည်း မနေသာတော့ပဲ “ကိုရင်တို့ တပည့်တော်သွားဝယ်ပါမယ် ဘာအလိုရှိပါသလဲဘုရား”လို့ လျှောက်တာပေါ့။ကိုရင်လေးတွေက သိပ်တော့မငယ်တော့ဘူး။

ရှက်ကိုးရှက်ကန်းလေးတွေနဲ့ပါ မုန့်ဝယ်ချင်တာပါတဲ့။ကျနော်လည်း ထပ်မေးမနေတော့ပါဘူး။ကိုယ်တိုင်ဆိုင်ထဲသွားပြီး ကိတ်မုန့်လေးတွေ ဝယ်လှူလိုက်ပါတယ်။စာသင်သားကိုယ်တော်လေးတွေ စာဝါတွေက နေ့ဝါ၊ညဝါဆက်နေတာမို့ စာကျက်ရင်း ဝမ်းဟာလို့နေမှာပေါ့လို့ တွေးမိလို့ မမေးပေမယ့်။ကိုရင်လေးတွေက ကျနော့်ကို ဖြေရှင်းချက်လေး ကျနော်မမေးပဲ သူတို့ဘာသာဖြေလိုက်တော့ စိတ်မကောင်းဖြစ်ရတယ်။

“ဒကာကြီး ကိုရင်တို့ ညစာအတွက်မဟုတ်ပါဘူးတဲ့။မနက်အရုဏ်အတွက်ပါ။ အရုဏ်ဆွမ်းလောင်းလှူကြတဲ့ သူတွေလည်းမရှိကြတော့ အရင်လိုမနက်(၄)နာရီ အာရုံဆွမ်းခံလည်း မထွက်ရဘူး။ကျောင်းလာလှူတဲ့လူလည်းမရှိဘူး။ ကျောင်းမှာ ဆွမ်းချက်ကပ်မယ့် ကပ္ပိယလည်း မရှိဘူး။ ကိုရင်တို့က စာဝါလိုက်နေကြတာဆိုတော့ မနက်အာရုံတစ်ခုခုမဘုန်းရင် ဝမ်းဟာလို့ မခံနိုင်လို့ပါ”တဲ့။

ဒီတော့မှ ကျနော်လည်း အပြစ်ရှိသူက ကိုယ်တိုင်ဖြစ်နေပါရော့လားလို့ တွေးမိတော့တယ်။ခုလိုအချိန်အခါဆိုးမှာ နာမည်မရှိတဲ့ ကျောင်းတွေ စာသင်တိုက်လေးတွေမှာ အမှန်တကယ် လိုအပ်ချက်တွေ ပြည့်နေတာ ကျနော်တို့ အပြစ်ပါပဲ။ပြည့်နေတဲ့အိုးထဲ ထပ်ဖြည့်ပြီးလျှံကျနေတာတွေပဲ မြင်ရတွေ့ရများပါတယ်။သမုဒ္ဒရာထဲ မိုးရွာနေလို့ အကျိုးမရှိ အချည်းသာဖြစ်နေတာမို့ပါ။

နေရာတကာ မတောက်တခေါက် ဝိနည်းကံလေးတွေ ကြားဖူးနားဝနဲ့ လိုက်ချိန်ထိုးပြီး အပြစ်ပြောဆိုနေကြတဲ့ သူတွေကိုလည်း ဒီနေရာက တစ်ခုလောက်မေးလိုပါတယ်။အရုဏ်ဆွမ်းကို ဘဝမှာ ဘယ်နှစ်ကြိမ်ကပ်ဖူး လောင်းဖူးပါသလဲလို့ခင်မျာ။မိုးခေါင်ရေရှားရပ်ဝန်းမှာ ဆီးနှင်းတစ်စက် မိုးတစ်ပေါက်မျှ ဖြစ်ရာဖြစ်ကြောင်း ဒီပို့စ်လေးကို တင်ပါရစေခင်မျာ။လေးစားစွာဖြင့် 🙏
Credit: သက်ထားခင်ခင်လေး

Be the first to comment

Leave a comment

Your email address will not be published.


*