စက်ရုံကဝန်ထမ်း အယောက် (၅၀)ခန့်ကို ဝင်ပူးတဲ့သရဲ

သန်လျင်၊သီလဝါရှိစက်ရုံက ဝန်ထမ်းအယောက် (၅၀)ခန့်ကို ဝင်ပူးတဲ့သရဲ

သန်လျင်မြို့ သီလဝါ Zone B ရှိ ဖိုင်းလိုင်း ကျောပိုးအိတ်စက်ရုံ၌ မနေ့က ညနေ၃နာရီခန့်က ပရိတ်တရားနာဖို့စီစဉ်ရင်းနဲ့ သရဲပူးသကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ပွားတယ်လို့ သိရပါတယ်။”စက်ရုံကတော့အသစ်ပါ မကြာမသေးခင်ကမှ စက်ရုံအသစ်ဖွင့် လူခေါ်နေတာပါ။မနက်ဖြန် ပရိတ်တရားနာဖို့စီစဉ်ရင်းနဲ့ ဝန်ထမ်းတွေကို သရဲဝင်ပူးတာပါ။တယောက်ပြီး တယောက် ဝင်ပူးကုန်ကြတာပါ။စက်ရုံထဲမှာကြိတ်ပြီး လုပ်နေရင်းနဲ့မှ မနိုင်တော့မှ စစ်တပ်ကိုအကြောင်းကြားလိုက်ကြတာပါ။

အခုသတင်းကို အတင်းလိုက်ဖုံးနေတယ် မီဒီယာတွေကိုမပြောရဘူး ဖေ့ဘုတ်ပေါ်မတင်ရဘူးဆိုပြီး၊ အခုဝန်ထမ်းတွေကို တစ်ယောက်မှ အိမ်ပေးမပြန်ပါဘူး”ဟု Zone B ရှိ ပြည်သူ့တစ်ဦးမှပြောပါတယ်။သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါ ပြည်တွင်း စက်မှုဇုန်ရှိ စက်ရုံ(၁)ရုံတွင် အမျိုးသမီး(၅၀)ဦးခန့် သရဲဝင်ပူးသည်ဟူသော သတင်းမှာ သတင်းမှားဖြစ်ပါကြောင်း ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ သီလဝါပြည်တွင်းစက်မှုဇုန်၊ မြေကွက်အမှတ် (၁၀၇)၊ ဖိုင်းလိုင်း အိတ်စက်ရုံတွင် ယနေ့ မတ်လ(၁)ရက်နေ့ ညနေပိုင်းက အောက်ပါအတိုင်း ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းကို သတင်းမှားများ ထုတ်လွှင့်ကြခြင်းဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်မှာ ပြောထားခဲ့ပါတယ်။

အမျိုးသမီး အလုပ်သမား (၁)ဦးမှာ နေမကောင်းဖြစ်၍ ဆေးခန်းသွားပြခဲ့ကြောင်း၊ဆေးခန်းမှပြန်လာပြီး ခေတ္တနားနေစဉ် ဝက်ရူးပြန်သကဲ့သို့ ဂယောင်ဂတမ်းထယောင်ရာ ဘေးမှအမျိုးသမီး (၂)ဦးကပါ လန့်၍ကတုန်ကရင် ဖြစ်သွားကြောင်း၊၎င်းတို့ (၃)ဦးအား ဘေးမှ အလုပ်သမားများမှ နှိပ်နယ်ခြင်း၊ယပ်ခတ်ပေးခြင်း၊ရေတိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ သတိပြန်လည်လာကြောင်း၊၎င်းတို့ (၃)ဦးမှာ လန့်နေကြသဖြင့် စိတ်ရှင်းစေရန် ဘုန်းကြီး(၃)ပါးပင့်၍ ပရိတ်ရွတ်ဖတ်ပေးခဲ့ရာ

ထူးခြားမှု မရှိခဲ့ကြောင်း၊၎င်းတို့(၃)ဦး အပါအဝင် အလုပ်သမားအားလုံးမှာလည်း အလုပ်ဆင်းချိန်တွင် အသီးသီးအိမ်ပြန်သွားကြသဖြင့် ယခုအချိန်တွင် စက်ရုံကို ပိတ်ထားကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။ယခုအခါ သတင်းတုများ ပြန့်နှံ့နေသကဲ့သို့ ထူးခြားမှု မရှိခဲ့သော်လည်း အလုပ်သမားများ စိတ်ရှင်းစေရန် မတ်လ(၂)ရက်တွင်စက်ရုံ၌ ပရိတ်တရားတော်များ ထပ်မံရွတ်ဖတ်ပေး သွားမည်ဖြစ်ကြောင်းလည်း အစိုးရအဖွဲ့၏ သတင်းအရ သိရပါတယ်။

ထိုသို့ ထုတ်ပြန်ထားပေမယ့်လည်း စက်မှုဇုန်နဲ့နီးစပ်တဲ့ မျက်မြင်သက်သေတွေကတော့ အယောက်(၅၀)ခန့် သရဲပူးသလို ဖြစ်နေတယ်လို့ ပြောကြပါတယ်။ရန်ကုန်တိုင်း အစိုးရအဖွဲ့က ညတွင်းချင်း သတင်းထုတ်ပြန်တာကို ကြည့်ချင်းအားဖြင့် တခုခု ထူးခြားနေတာဖြစ်ကြောင်း၊သတင်းဖုံးချင်လို့ ပြုလုပ်နေတာဖြစ်ကြောင်း ပြည်သူများက သုံးသပ်နေကြပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*