နေပြည်တော်က (၁၁)နှစ်သမီးလေးကို ဆေးနဲ့တို့ပြီး…

နေပြည်တော်က (၁၁)နှစ်သမီးလေးကို ဆေးနဲ့တို့ပြီး…

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာမှာနေထိုင်သူ အသက်(၁၁)နှစ်အရွယ်ရှိ မဖြိုးဖြိုးအောင်ဟာ မတ်လ(၂)ရက်နေ့၊နေ့လယ်(၁၁)နာရီကျော်က ကျေးရွာအတွင်း ဈေးသွားဝယ်ရာမှ ပျောက်ဆုံးခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီမိန်းကလေးငယ်ကို ဆေးတို့နဲ့လူယက်သူ အမျိုးသမီးကြီးက လက်ပုတ်ခေါ်ဆောင်သွားပြီးနောက် ကလေးငယ်ကို ပုဗ္ဗသီရိမြို့နယ်၊တပင်ရွှေထီး ထမင်းဆိုင်မှာ ထားရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေးနဲ့ တို့ဆေးလုပ်တဲ့ အမျိုးသမီးနှစ်ယောက် ရယ်မောပြီး ထမင်းဆိုင်ထဲ အတူလာကြတာ။ဆိုင်ပိုင်ရှင်တွေကလည်း အတူတူလာတယ် ထင်တာပေါ့။ကလေးကို ထမင်းဟင်း သူကြိုက်တာနဲ့ ထည့်ပေးဖို့မှာတယ်။သူကတော့ ပိုက်ဆံမလောက်လို့ ကလေးအဖေ သွားခေါ်ပြီးပြန်လာမယ် ပြောသွားတာ။

ကလေးက (၁၂)ခွဲကျော်တော့မှ ငိုပြီး သူ့ကို အိမ်ပြန်ပို့ပေးဖို့ပြောတာ။ပြီးတော့မှ ရပ်ကွက်လူကြီးတွေနဲ့ ကလေးမိဘတွေ ရောက်လာပြီး ကလေးကို ပြန်ခေါ်သွားတာပါ”လို့ သူကပြောပါတယ်။

တို့ဆေး အသုံးပြုတဲ့ အမျိုးသမီးဟာ ကလေးငယ်ဝတ်ဆင်ထားတဲ့ နားကပ်ကို ထမင်းဆိုင်လာရာ လမ်းချွတ်ယူထားလိုက်တယ်လို့ ကလေးငယ်က ပြန်လည် ပြောဆိုကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*