သာကေတမြို့နယ်ရှိ ကားမှတ်တိုင်အနီးမှာ အချင်းချင်းစကားများရာက အမျိုးသားတဦးဟာ…
ရန်ကုန်တိုင်း၊သာကေတမြို့နယ်ရှိ ထူပါရုံထိပ်မှတ်တိုင် အနီးမှာ အချင်းချင်းစကားများရာက ဓါးဖြင့်ထိုးမှု ဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။အဆိုပါဖြစ်စဉ်မှာ မတ်လ (၂)ရက်နေ့ ည(၁၁)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဇင်္ဂမလမ်းမကြီးရှိ ထူပါရုံထိပ်မှတ်တိုင်အနီးမှာ အမျိုးသား(၃)ဦးအချင်းချင်း စကားများရာက ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“အချင်းချင်း စကားများတာကနေ ရန်ဖြစ်ကြတာလို့ပြောတယ်၊ အဲ့ဒီမှာ ဓါးနဲ့ထိုးတဲ့အခြေအနေတွေပါ ဖြစ်ကုန်တာ၊ တစ်ယောက်ကတော့ ထိုးသွင်းဒဏ်ရာတွေနဲ့ လဲနေတာတွေ့တယ်”လို့ အနီးဝန်းကျင်နေသူတစ်ဦးက ပြောပါတယ်။
ထူပါရုံထိပ်မှတ်တိုင်အနီး စကားများရန်ဖြစ်ရာက ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ဓါးဒဏ်ရာများဖြင့် လဲကျနေတဲ့ အသက်(၃၀)ဝန်းကျင်ရှိ အမျိုးသားတစ်ဦးကို မိတ်ဖက်အသင်းများနဲ့ ပူးပေါင်းကာ မြေပြင်ကုသမှုပေးခဲ့ တယ်လို့ လူမှုကူညီရေးအဖွဲ့က ဆိုပါတယ်။
ထိုးသွင်းဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကို သင်္ခါရဝိမုတ္တိ လူမှုကူညီရေးအသင်းကားဖြင့် စံပြဆေးရုံသို့ပို့ဆောင် ကူညီပေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
Be the first to comment