ဒီကနေ့မှာဖြစ်သွားခဲ့တဲ့မြန်မာ့လက်ဝှေ့အကျော်အမော်ကြီး ရွှေဓူဝံ၏ စိတ်မကောင်းစရာဖြစ်ရပ်…
ယနေ့ အမြန်လမ်းမှာ ဒို့ညီနောင် အမြန်ယာဉ်လိုင်းကား တိမ်းမှောက်မှုအတွင်း သေဆုံးသူများအနက် မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံလည်းပါဝင်…
ယနေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဒို့ညီနောင် အမြန်ယာဉ်လိုင်းကား တိမ်းမှောက်မှုအတွင်း သေဆုံးသူများအနက် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံလည်း ပါဝင်တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။ယနေ့ မတ်လ ၄ရက်နေ့ နံနက် ၆ နာရီခွဲကျော်က ရန်ကုန်- မန္တလေး အမြန်လမ်း ၁၆၇မိုင်မှာ ဒို့ညီနောင်အမြန်ယာဉ်လိုင်းက ခရီးသည်တင်ကား တိမ်းမှောက်ပြီး ၃ဦးသေဆုံးကာ ၂၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါယာဉ်လိုင်းကားသည် နေပြည်တော်ဘက်မှ ရန်ကုန်သို့ မောင်းနှင်လာခဲ့ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်အတားအဆီးကို တိုက်မိကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကာ သေဆုံးသူများအနက် ရွှေဓူဝံလည်း ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာပြည် ချန်ပီယံဟောင်းရွှေဓူဝံသည် ယနေ့နံနက် အစောပိုင်း ၅ နာရီခွဲခန့်က ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်း မီးသတ်စခန်းအပိုင်တွင် ဖြစ်ပွားခဲ့သည့် “ဒို့ညီနောင်”အဝေးပြေးခရီးသည်တင်(Express)ကား တိမ်းမှောက်မှုဖြစ်စဉ်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဟုတ်ပါတယ် ရွှေဓူဝံသေဆုံးသွားပါတယ် အခြားကိစ္စ တစ်ခုနဲ့သွားပြီးပြန်လာတဲ့အချိန်မှာ မတော်တဆဖြစ်စဉ်မှာပါပြီး သေဆုံးသွားတာပါ”ဟု သုဝဏ္ဏဘုမိရိုးရာလက် ဝှေ့အသင်း(သထုံ)၏ တာဝန် ရှိသူတစ်ဦးကပြောသည်။”ဒို့ညီနောင်” အဝေးပြေးခရီးသည်တင်(Express) ကားသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၆၇/၄ နှင့် ၁၆၇/၅ ကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသည့် GUARD RAIL တန်းများအား တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ် သည်။
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား၃ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၅ဦးနဲ့ အမျိုးသမီး၁၀ဦးတို့အား လူမှုကူညီရေးအသင်း ယာဉ်များဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
Be the first to comment