ရန်အောင်အိမ်မှာ ကားမောင်းရင်း အောက်ခြေသိမ်း လိုလေသေးမရှိအလုပ်ကိုလုပ်ပေးရင်း မင်းသားဖြစ်ခဲ့ရတာလို့ ပြောပြလိုက်တဲ့ ကျော်ဇောဟိန်း

ရန်အောင်အိမ်မှာ ကားမောင်းရင်း အောက်ခြေသိမ်း လိုလေသေးမရှိအလုပ်ကိုလုပ်ပေးရင်း မင်းသားဖြစ်ခဲ့ရတာလို့ ပြောပြလိုက်တဲ့ ကျော်ဇောဟိန်း

ပရိတ်သတ်ကြီးရေမင်းသားကြီး ကျော်ဇောဟိန်းကတော့အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်တွေရင်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ အနုပညာရှင်ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ကျရာဇာတ်ကောင်တွေ မှာလဲ အကောင်း ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိတ်သတ် တွေရဲ့ချစ်ခင်အားပေးမှုကိုအ ခိုင်အမာရရှိထား ပါတယ်နော်။

သူကတော့ နယ်ပရိတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို အဓိကရရှိထားပြီးတော့ အက်ရှင်ကားတွေကိုသာ အဓိကထားရိုက်ကူးတဲ့ မင်းသားတစ်ဦးပါပဲ။ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့တဲ့အချိန်တုန်းက ကျော်ဇော်ဟိန်း ရဲ့ ဇာတ်ကားတွေကို စောင့်ကြည့်အားပေးတဲ့ ပရိသတ်များစွာရှိခဲ့ပါတယ်။မင်းသား ကျော်ဇော်ဟိန်း ဟာ အောင်မြင်မှု့တွေရရှိနေတဲ့အချိန်မှာ ဆိုဂျူစမ်းသောက်ရာမှ မူးယစ်စေတဲ့အရက်ကြောင့် ကျန်းမာရေးထိခိုက်ပြီး ဇာတ်ကားတွေဆက်လက်မရိုက်ကူးနိုင်ခဲ့ပါဖူး။

နောက်ပိုင်းမှာတော့ အရက်ကြောင့် သေမင်းတံခါးဝကို နှစ်ကြိမ်တိုင်ရောက်ရှိခဲ့ပြီး လက်ရှိမှာ ကျန်းမာပျော်ရွှင်စွာနဲ့ ဇာတ်ကားတွေပြန်လည်ရိုက်ကူးနိုင်ပါပြီ။လက်ရှိ MRTV-4 မှာထုတ်လွှင့်ပြသနေတဲ့ ဝိပါက ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အဆိုပါဇာတ်လမ်းတွဲဟာလဲ အရမ်းကိုအောင်မြင်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဝိပါက ဇာတ်လမ်းတွဲထဲမှာ မင်းသား ကျော်ဇောဟိန်း ရဲ့ ဘာဝဆန်တဲ့သရုပ်ဆောင်ချက်တွေကို တွေ့မြင်နိုင်ပါတယ်နော်။ကျော်ဇောဟိန်း ဟာ အနုပညာလမ်းကြောင်းပေါ်ကို အောင်အောင်မြင်မြင်နဲ့ လျှောက်လှမ်းနိုင်အောင် ကူညီပေးခဲ့တဲ့ ဆရာဖြစ်သူ မင်းသားကြီး ရန်အောင် ကို ကျေးဇူးတင်စကားပြောလိုက်ပါတယ်။“အနုပညာနဲ့ပက်သတ်ပြီး ဇာတ်ရုပ်မျိုးစုံ သရုပ်ဆောင်ချင်တယ် ကိုရန်လေးရဲ့ တပည့်ဖြစ်တာကြောင့် ကိုရန်လေးကို လိုလေသေးမရှိ အကုန် လိုက်လုပ်ပေးခဲ့တယ်။

ကိုရန်လေးက ကျွန်တော့ရဲ့ အကို ဆရာတစ်ယောက်ပါ။ကိုရန်လေးကြောင့် ကျွန်တော်အနုပညာလုပ်ခွင့်ရခဲ့တယ် သူ့အိမ်မှာ ကားမောင်းတဲ့အလုပ်လုပ်ရင်း အစ်ကိုကဇာတ်ကားမှာလိုအပ်ရင် ဝင်သရုပ်ဆောင်ခိုင်းတယ် သူ့အိမ်မှာ အလုပ်မလုပ်တော့တဲ့အချိန်ကျမှ ထုတ်လုပ်ရေးတွေနဲ့ ကျွန်တော်လက်တွဲခဲ့တာပါ ကိုရန်လေးက ကျွန်တော့ရဲ့ ဆရာ ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါ ” ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားခဲ့ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*