ဇွဲကပင်တောင်ပေါ်မှာဘဲ ဖြစ်ပြန်ပြီလား ကလေးရယ်🥺…
ဇွဲကပင်တောင်လမ်းကနေ ခြေချော်ပြုတ်ကျတဲ့ ကလေးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) ကပြောပါ တယ်။ဇွဲကပင်တောင်တက်လမ်း (လုမ္မဏီဥယျာဉ် – အနောက်ဘက်ခြမ်း)တွင် အသက် ၁၃ အရွယ်ရှိ မောင်ချစ်ကိုကိုသည် ခြေချော်ကာ တောင်အောက်ပြုတ်ကျမှု မတ်လ ၄ ရက်နေ့လယ်ပိုင်းက ဖြစ်ပွါးခဲ့တာပါ။
ယင်းဖြစ်စဉ်ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)မှ အရေးပေါ်ထွက်ခွာခဲ့ပြီး အင်အား (၂ဝ)ခန့်၊မေတ္တာစေတနာလူမှုကူညီရေး အသင်းဝင်းများဖြင့် စုပေါင်းကာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့လို့
တောင်တက်လမ်း အထက်ရေတံခွန်အကျော်မှာ အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရရှိသည့် ပွန်းပဲ့ဒဏ်ရာများကို အရေးပေါ် မြေပြင်ဆေးကုသမှု လုပ်ဆောင်ကာ တောင်ခြေသို့ ပြန်လည်သယ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဆိုပါတောင်တက်လမ်းမှာ အမျိုးသားတစ်ဦး အမောဖောက်ကာ သေဆုံးခဲ့မှုကို လည်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)က ကူညီခဲ့ပါသေးတယ်။
Be the first to comment