“ဘာမှလုပ်လို့မရလို့ ဘာမှကို မလုပ်တော့တာပါ”ဆိုတဲ့ ဝါရင့်သရုပ်ဆောင် ကျော်ရဲအောင်…
အကယ်ဒမီ သရုပ်ဆောင် မင်းသားကြီး ကျော်ရဲအောင်ကတော့ အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူ အမျိုးမျိုးသော ဇာတ်ကောင်တွေမှာ မတူညီတဲ့သရုပ်ဆောင်မှုများနဲ့ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိသတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာအပြည့်အဝ ရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင်တော့ မင်းသားကြီး ကျော်ရဲအောင်က အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အဓိကအကြောင်းအရင်းကို အခုလို ပြန်လည်ပြောပြလာခဲ့ပါတယ်နော်။
မင်းသားကြီးကျော်ရဲအောင်က “ဇာတ်ကားမရိုက်တော့တာ မဟုတ်ဘူး၊ ဘာမှလုပ်လို့မရလို့ ဘာမှကိုမလုပ်တော့တာ၊ အနုပညာအလုပ်တွေ မလုပ်ဖြစ်တာ (၄)နှစ်လောက်ရှိနေပြီ၊ ဇာတ်ကာရိုက်လို့မရတဲ့ အချိန်အခါမို့ မရိုက်ဖြစ်သေးတာပါ၊
ဒီအနုပညာတစ်ခုပဲ လုပ်တတ်တော့ ကျန်းမာရေးကောင်းနေသ၍ လုပ်မှာပါ” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်။စာဖတ်ပရိသတ်ကြီးတို့အတွက် ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်နော်။
Be the first to comment