လှိုင်သာယာမှာဖြစ်သွားတာပါ ဖုန်းလုတာမပေးလို့ဆိုပြီး ကောင်မလေးရဲ့ခေါင်းကို…
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရိုးလေးအနီး၊ ကမ္ဘာသစ်ဆီဆိုင်ရှေ့မှာ လမ်းလျှောက်လာတဲ့ လူငယ်၂ ဦးကို ဆိုင်ကယ်စီး အမျိုးသား၂ ဦးက ဖုန်းလုယက်ရာ မပေးတဲ့ အမျိုးသမီးငယ်ရဲ့ ခေါင်းကိုDarrနဲ့ ခုတ်ခံခဲ့ရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဖုန်းလုခံရသူ(၂)ဦးဟာ လှိုင်သာယာ (၂၂)ရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး လုယက်မှုကျူးလွန်တဲ့ အမျိုးသား(၂)ယောက်နောက်ကို လိုက်လံဖမ်းဆီးပေမယ့် လူနာသွေးထွက်လွန်နေတဲ့အတွက် လူနာကိုဦးစားပေးပြီး ဆေးရုံပို့ပေးခဲ့လို့ လုယက်သူ(၂)ယောက်ကို ဖမ်းဆီးရမိခဲ့တာ မရှိဘူးလို့ သူကပြောပါတယ်။
လှိုင်သာယာမြို့နယ်အတွင်း နေ့စဉ်လုယက်မှုတွေရှိနေရာ ဓားထိုး လုယက်တတ်သလို အက်စစ်နဲ့ပက်ပြီး လုယက်မှု ကျူးလွန်တာတွေဖြစ်နေပေမယ့် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးမိတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Be the first to comment