ဂျမ်းတောလေးကို ဇီးသီးပြန်ရောင်းခိုင်းဖို့ ဖခင်ဖြစ်သူက စဉ်းစားနေတဲ့အကြောင်းပြောပြလာတဲ့ စည်သူ(ပလပ်ကျွတ်)

ဂျမ်းတောလေးကို ဇီးသီးပြန်ရောင်းခိုင်းဖို့ ဖခင်ဖြစ်သူက စဉ်းစားနေတဲ့အကြောင်းပြောပြလာတဲ့ စည်သူ(ပလပ်ကျွတ်)

ပရိသတ်ကြီးတို့ရေ သရက်ကင်ရောင်းရင်း ဘဝကို ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတဲ့ ဂျမ်းတောလေးကတော့ နှလုံးလှတဲ့သမီးလေးပဲ ဖြစ်ပါတယ်။မိဘနဲ့ ကိုယ့်ရဲ့ မောင်နှမတွေ တစ်နေ့တာ စားသောက်နိုင်ဖို့ လမ်းဘေးမှာ သရက်ကင်ရောင်းချရင်း ရိုးသားစွာ ရှာဖွေကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ခုဆိုရင် သရုပ်ဆောင် စည်သူပလတ်ကျွတ် ကူညီမှုနဲ့ မွေးစားမေမေ မချူးလေးရဲ့စောင့်ရှောက်မှု့တွေအောက်မှာ ဂျမ်းတောလေးဟာ ပိုပြီးတော့ သိတတ်လာကာ ပညာတွေလဲ ပိုတတ်လာခဲ့ပါပြီ။

အားလုံးရဲ့ဂရုဏာ၊အချစ်တွေနဲ့လေးစားမှု့တွေကို ရရှိထားတဲ့ ဂျမ်းတောလေးက ခုဆို Photo shooting လေးတွေတောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ ဂျမ်းတောလေးကို ဇီးသီးရောင်းဖို့ ကိုကျော်စွာစဉ်းစားနေတဲ့အကြောင်း​ကို စည်သူ(ပလပ်ကျွတ်)ကပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

“မိဘက သားသမီးရဲ့ တက်လမ်းကို ဆွဲချနေတာနဲ့တူတယ် မိဘက သမီးလေးကို အရင်လို ဈေးပြန်ရောင်းခိုင်းတော့မယ်ဆိုတော့ အကျင့်ဟောင်းကို မစွန့်လွတ်နိုင်သေးလို့ပဲ မှတ်ပါတယ် ကိုယ့်ဘဝကိုတိုးတက်စေချင်ရင် သမီးရဲ့ဘဝကို တိုးတက်စေချင်ရင် အကျင့်ဟောင်းကို စွန့်လွတ်သင့်ရင်စွန့်လွတ်ရမယ် ဈေးရောင်းတဲ့ အလုပ်ကတော့ မကောင်းဘူးတော့မဟုတ်ဘူး ကောင်းပါတယ် ဈေးရောင်းလို့ သားသမီးရဲ့ဘဝ ဘာမှတိုးတက်ပြောင်းလဲစေမှာ မဟုတ်ပါဘူး

မချူးဆီမှာနေရတာ ကိုယ်တွေတစိမ်းတောင် ဝမ်းသာပီတိ ဖြစ်နေရတာပါ မချူးဆီမှာဆိုရင် ကိုယ့်သမီးလေးရဲ့ဘဝ ဒီလောက်တိုးတက်နေတာ မချူးဆီမှာဆိုရင် ကိုယ့်သမီးလေးရဲ့ဘဝက အနာဂတ်အထိ ပြောင်းလဲသွားစေလိမ့်မယ် မချူးဆီမှာဆိုရင် လက်မှုပညာတတ်မယ် စာပေ အတန်းကျောင်းပညာတတ်မယ် မကောင်းဘူးလား

ဒီဘက်ခေတ်ကြီးမှာ ၁၀တန်းအောင်ရုံနဲ့ ဘာမှနေရာရှိမှာမဟုတ်ဘူး ဒီဘက်ခေတ်ကြီးမှ ဘွဲ့ရရင်ရ ပညာတတ်ရင်တတ် မတတ်ရင် လက်မှုပညာတတ်မြောက်ထားရင် ကိုယ့်ဘဝကိုယ် ပြောင်းလဲနိုင်ပါတယ် မချူးဆီမှာ သူများတွေ ၁၀သိန်း သိန်း၂၀နဲ့ ပညာတွေသင်ယူနေတာနော် မချူးဆီမှာ ဂျမ်းတောလေး ကြာကြာနေသွားရင် အရင်းနှီးမလိုပဲ လက်မှုပညာတွေ ရသွားတော့မှာ

စာပေအတန်းပညာတွေရသွားတော့ ဟော တစ်ချိန်ကြရင် ဂျမ်းတောမှာ ဒီပညာတွေ တတ်မြောက် အောင်မြင်သွားပြီဆိုရင် တစ်ချိန်ချိန်မှာ မချူးလို အောင်မြင်နေတဲ့သူတစ်ယောက်လို ဖြစ်လာလိမ့်မယ် ဂျမ်းတော အောင်မြင်သွားရင် ဂျမ်းတောရဲ့ မိသားစု ဘဝကို အရင်ကထက် ယခုကျပိုမိုကောင်းမွန်တဲ့ အဆင့်ထိအောင် ထားနိုင်ပါလိမ့်မယ်။

သွေးမတော်သားမစပ်ပဲ ဒီလောက်တောင် ကျတော်ပြောရတာ ဒီကလေးကို စေတနာရှိနေလို့ပဲ ခုတော့ ဂျမ်းတောအဖေ ကိုကျော်စွာလည်း ကျနော်စကားတွေ များကြီးပြောပြီး ရှင်းပြလိုက်လို့နားလည်လက်ခံသွားပါပြီ သူလည်းတော်တဲ့အဖေတစ်ယောက်ပါပဲ” ဆိုပြီးပြောပြလာခဲ့တာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*