သွေးသားရင်းတွေဖြစ်တဲ့ တူဖြစ်သူက ဦးလေးအရင်းကို မသင့်တော်တာတွေ ကျူးလွန်မိကုန်တာတဲ့…
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဆည်ရွာအုပ်စု၊ ဖိုးဆုံကုန်းရွာအလွန် လယ်ကွင်းထဲ၌ မတ်လ ၃ရက် ည ၇နာရီကျော်အချိန်က လူသ-တ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။”ခုအသ-တ်ခံရတဲ့ ကိုစောမောင် (ခ)မဲကြီးက အရက်အလွန်အကျွံ သောက်စားတတ်သူတစ်ဦးပါ၊
အဲဒီနေ့က မဲကြီးက သူ့တူ သန်းလင်းဦး (ခ)ကုလားပေါက်အိမ်ရှေမှာ အရက်မူးပြီး “ရွာစမ်း မိုး မိုး အပေါဆုံးက ပိုက်ဆံဘဲ”ဟု အော်ဟစ်ပြောဆိုနေသဖြင့် သန်းလင်းဦးက ကလေးငယ်ရှိ၍ မအော်ရန်ပြောဆိုစဉ် မဲကြီးက “မင်းက လူမိုက်လား ဘာဖြစ်ချင်တာလဲ”ဟု ပြောလိုက်သဖြင့် သန်းလင်းဦးက စိတ်ဆိုးဒေါသဖြစ်ပြီး သူ့ဦးလေးကို တုတ်နဲ့ရိုက်လိုက်တာ၊
မဲကြီးက ထွက်ပြေးသွား၍ သန်းလင်းဦးက ကိုင်းခုတ်ဓါးနဲ့ လိုက်ခုတ်တာဟု ရေကန်ရွာသစ်နေသူတစ်ဦးက Top Phoenix မီဒီယာကို ပြောသည်။တစ်ရွာတည်း အိမ်နီးချင်းနေသူချင်းဖြစ်ကြတာ၊ သန်းလင်းဦး၏ နေအိမ်ကလဲ မိုးမလုံဘဲ ဟာလာဟင်းလင်းဖြစ်နေသဖြင့် မဲကြီးက ရွဲ့စောင်းပြောဆိုနေသည်ဟုထင်ကာ
သန်းလင်းဦးက စိတ်ဆိုးဒေါသဖြစ်ကာ သ-တ်လိုက်တဲ့ သဘောဟု ဆက်လက်ပြောဆိုသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ သန်းလင်း ဦး (ခ)ကုလားပေါက်အား သက်ဆိုင်ရာမှ ၂၄နာရီအတွင်း ဖမ်းဆီးရမိခဲ့ပြီး မြန်အောင်မြို့မရဲစခန်းမှ (ပ)၁၅/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Be the first to comment