စက်ဆန်း ABC ကားမှတ်တိုင်ရှိ ကြော်ငြာဆိုင်းဘုတ်မှန်ကျကွဲ၍ အမျိုးသားတစ်ဦး…
ရန်ကုန်မြို့ရှိ စက်ဆန်း ABC ကားမှတ်တိုင်ရှိ ကြော်ငြာဆိုင်းဘုတ်မှန်ကျကွဲခဲ့မှု မတ် ၇ ရက် (ယနေ့)နေ့လည်ပိုင်းကဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။
ယနေ့နေ့လည် ၃ နာရီခွဲခန့်က စက်ဆန်း ABC ကား မှတ်တိုင်ရှိ ကြော်ငြာဆိုင်းဘုတ်မှန်ကျကွဲကာ အ မျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း သတင်းအရ မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြသည်။
ဒဏ်ရာရရှိထားသူသည် အိမ်ခြေယာမဲ့တစ်ဦးဖြစ်ကာ ဦးခေါင်းနှင့်မျက်နှာတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သွေးများထွက်နေ၍ မြေပြင်ကုသမှုများပြုလုပ်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
“သွေးထွက်မလွန်အောင် မြေပြင်ကုသတာတွေကို ပုသိမ်ညွှန့်လူမှုကူညီရေးအသင်းနဲ့ပေါင်းပြီး လုပ်ပေးခဲ့ပါတယ် မြေမြင်ကုသမှုပြီးတာနဲ့ ရန်ကုန်ဆေးရုံကြီးကိုချက်ခြင်းပို့ပေးလိုက်ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
Be the first to comment