လူသိနည်းပါးတဲ့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်က အကြပ်အတည်းပြေဘုရား

လူသိနည်းပါးတဲ့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်က အကြပ်အတည်းပြေဘုရား

ရွှေတိဂုံဘုရားကို အခေါက်ပေါင်းများစွာရောက်ဖူးကြပေမယ့် လူသိနည်းပါးသော ဘုရားစေတီပုထိုးများစွာရှိသေးတယ်ဆိုတာ ဒီတစ်ခေါက်ဖူးရတဲ့ ဘုရားတစ်ဆူက သက်သေခံပါတယ်။အဝင်ကျဉ်းအဝကျယ်ဘုရားလို့လည်းခေါ်ကြတယ်။အကြပ်အတည်းပြေဘုရားလို့လည်းခေါ်ကြတယ်။ကျနော်လည်း တစ်ခါမှမရောက်ဖူးတာနဲ့ ဘုရားဖူးမိတ်ဆွေတစ်ဦး ပြောပြလို့ သွားကြည့်ပြီးဖူးဖြစ်ခဲ့ပါတယ်။

တောင်ဘက်မုခ်က ဓာတ်လှေခါးနဲ့တက်ပြီးရင် မြင်မြင်ချင်း အာရုံခံတန်ဆောင်းကနေ ၄/၅ ခြေလှမ်းလောက်ပဲ လှမ်းကြည့်လိုက်တာနဲ့ ဘုရားအမှတ် ၁၃၃နဲ့ ၁၃၁ အကြားမှာ လူတစ်ကိုယ်စာလေး ဝင်ပေါက်လွတ်နေတာကိုတွေ့ရမယ်။

အဲ့ဒီကနေဝင်ပြီး ဘုရားဖူးရပါတယ်။ဝတဲ့လူဆိုရင်တော့ နည်းနည်းဝင်ရကြပ်မယ့်အနေအထားပါ။ဝင်ပြီးတာနဲ့ ဆင်းတုတော်အရှေ့ကို တန်းရောက်ပါတယ်။ပုဂံ မြင်းကပါအရပ်က မနူဟာဘုရားကို ဖူးရသလိုပါပဲ။လူတစ်ကိုယ်စာလေးပဲ ထိုင်ဖူးရပါတယ်။

ဖူးပြီးလို့ထထွက်ရင် ဘယ်ဘက်ကို one way အတိုင်းထွက်ရပါတယ်။အထွက်လမ်းပေါက်ကတော့ ကျယ်ပါတယ်။ကျနော့်မိတ်ဆွေများလည်း ရွှေတိဂုံဘုရားကို အရောက်အပေါက်များပေမယ့် အခုလိုထူးခြားတဲ့ဘုရားမျိုးတွေ မဖူးရမရှိရလေအောင် အောက်မှာပုံနဲ့တကွ လမ်းညွှန်ပြသပေးကာ ကုသိုလ်ယူမှတ်တမ်းတင်လိုက်ရပါတယ်။နတ်သား

Be the first to comment

Leave a comment

Your email address will not be published.


*