ရှမ်းပြောင်းဖူး ချိုချိုစည်းစည်း ကြိုက်တဲ့သူတွေ ဂရုပြုရမယ့် ကြောက်စရာကောင်းတဲ့ဖြစ်ရပ်

ရှမ်းပြောင်းဖူး ချိုချိုစည်းစည်း ကြိုက်တဲ့သူတွေ ဂရုပြုရမယ့် ကြောက်စရာကောင်းတဲ့ဖြစ်ရပ်

ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့အကြောင်းအရာကတော့ ရှမ်းပြောင်းဖူး အညိုရောင်ကို ပြုတ်လိုက်တဲ့ အချိန်မှာ အရောင်တွေကျွတ်ပြီး အဝါရောင်ဖြစ်သွားတဲ့ အကြောင်းပဲဖြစ်ပါတယ်။ရှမ်းပြောင်းဖူး အညိုရောင်ဟာ အရမ်းမချိုဘဲ စီးစီးလေးနဲ့ စားကောင်းကြတာကြောင့် ကျန်းမာရေးလိုက်စားသူတိုင်း ကြိုက်ကြတဲ့ ပြောင်းဖူးအမျိုးအစား ဖြစ်ပါတယ်။

ဆီးချိုရောဂါရှိသူတွေနဲ့ ကိုယ်အလေးချိန်လျှော့ချနေတဲ့သူတွေ အများဆုံး စားသုံးကြတာ ဖြစ်ပါတယ်။စားသုံးသူများလာတာနဲ့အမျှ ဝိသမလောဘသားတွေဟာ ရိုးရိုးထိုင်ဝမ် ပြောင်းဖူးမျိုးကို ဆေးဆိုးပြီး ရှမ်းပြောင်းဖူး အညိုရောင်အဖြစ် ရောင်းချနေကြတယ်လို့ သိရပါတယ်။

ရှမ်းပြောင်းဖူး အညိုရောင်ကို ပြုတ်လိုက်လို့ အဝါရောင် ပြောင်းလဲသွားတဲ့အပေါ် လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ မှတ်ချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

မှတ်ချက် (၁) – အဲ့ပြောင်းဖူး ပြုတ်စားဖူးပါတယ်၊ အဖူးကလဲ ကြီးပါတယ်၊ သူ့ဖက်က ဖြူပါတယ်၊ ပြုတ်ရည်တွေကလဲ ရဲနေတာပါ၊ ပြုတ်ပြီးအဝါရောင်တော့ မပြောင်းပါ။
မှတ်ချက် (၂) – အညှာရိုးကို ဆေးရည်စိမ်လိုက်တော့ အဲ့အရိုးထဲကနေ အရောင်တွေ စိမ့်သွားတာနေမယ်။ နှင်းဆီခရမ်းရောင် သက်တန့်ခုနှစ်ရောင်တွေ လုပ်သလိုပေါ့။

မှတ်ချက် (၃) – သိထားရတဲ့အတွေ့အကြုံအရ ဆေးဆိုးထားတာပါ ၊တကယ် ရှမ်းပြောင်းဖူး နီညိုရောင်ဆိုရင် ပြုတ်ရင်လဲ အဲ့လို ကြီး အဲ့သည့်လောက်ကြီးမဖြစ်ပါဘူး အရောင်ထွက်ခဲ့မယ်ဆိုရင်လဲ အနည်းအကျဉ်းပါပဲ ကျန်ခဲ့တဲ့ပြောင်းဖူးမှာ အဖြူရောင်နုနု စေးစေးကပ်လေးဖြစ်ပြီးကျန်နေခဲ့ရမှာပါ အခုလို အဝါရောင် ဖြစ်မနေရပါ မိမိဟာ စိုက်ပျိုးရေးဌာနကဖြစ်ပြီး ပြောင်းစိုက်တဲ့ဒေသ ရှမ်းပြောင်းဖူး စစ်စစ်ကို ကြိုက်တဲ့သူမို့ အတိအကျပြောနိုင်တာပါ။

မှတ်ချက် (၄) – ဒါ ကိုယ်တိုင်စိုက်ထားတာပါ။ အနီမျိုးဆိုပြီး ကိုယ့်လက်နဲ့ ကိုယ်တိုင်စိုက်ပြုစုထားခဲ့တာပဲ။ စားမယ်ဆိုတော့ ပြုတ်စားတာ အရောင်က ကျွတ်သွားတယ်၊ နည်းနည်းတော့ကျန်တယ်။ မျိုးစေ့ဝယ်တဲ့ဆီကိုမေးတော့ ပေါင်းစားရမှာတဲ့။ အဲ့တာနဲ့ပေါင်းစားတော့လဲ ကျွတ်တော့ကျွတ်တာပါပဲ။အရသာကတော့ အတော်လေးချိုတယ်။

အပြင်ကနေ ဝယ်စားရင် သံသယဝင်မိဦးမှာ ခုက ကိုယ်တိုင်စိုက်မျက်စိအောက်ကနေ ခူးစားတာဆိုတော့ စိတ်ချလက်ချနဲ့ စားလိုက်ပါတယ် ချိုနေတာပဲ မျိုးစပ်ထားတာ ထင်တာပါပဲ။ ကိုယ့်မျက်စိအောက်တင် ကြီးလာတဲ့ အပင်ကဆိုတော့ စားလိုက်တယ်။

မှတ်ချက် (၅) – ဆေးဆိုးထားတာပါ အမွေးတွေကိုကြည့်ပါ မည်းနေပါတယ် ဆေးဆိုးထားလို့ပါ အစစ်တွေကပြုတ်ရင်အရောင်ထွက်ပါတယ် အရောင်ကျွတ်မသွားပါဘူး။ (မူရင်း ကွန်းမန့်ပိုင်ရှင်များကို လေးစားမှုဖြင့် – bkr)

Be the first to comment

Leave a comment

Your email address will not be published.


*