ဘဲသား+အာလူးနဲ့ ဖရဲသီးတို့ကိုစားလိုက်မိတဲ့ လပွတ္တာမြို့နယ်က ကလေး(၄)ဦးရဲ့ စိတ်မကောင်းစရာအဖြစ်…

လပွတ္တာမှာ ဘဲသားနဲ့ ဖရဲသီး စားပြီးနောက် မူးဝေအော့အန်ကာ ကလေး၄ဦးအစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ကလေး၂သေဆုံးခဲ့ရ

ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ် ၊အနောက်သိုင်းချောင်း ကျေးရွာမှာ ကလေး(၄)ဦးအစာအဆိပ်သင့်မှုဖြစ်ပွား ကာ (၂)ဦးသေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ဆေးရုံတက်ရောက်ကုသနေရတယ် လို့သိရပါတယ်။

ကလေးတွေဟာ မတ်လ(၇)ရက်နေ့က မွေးမြူရေး ဘဲသား၊ အာလူး ၊ ကုလားပွေးရွက်နဲ့ ချက်ထားတဲ့ဟင်းကို စားခဲ့ကြပြီး နောက် ဖရဲသီးထပ်မံစားခဲ့ပြီး မူးဝေအော့အန် ဖြစ်ကာ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

အစာအဆိပ်သင့်မှုဖြစ်ပွားတဲ့ ကလေးတွေဟာ မောင်ဘုန်းမြတ်မင်း ၁၃ နှစ် ၊ မောင်ရဲဝင်းနိုင် ၁၇ နှစ် ၊ မောင်နေထက်နိုင်(၃)နှစ်နဲ့ မသက်ထားဦး (၇)နှစ်တို့ဖြစ်ပြီး မောင်ဘုန်းမြတ်မင်းနဲ့ မောင်နေထက်နိုင်တို့ (၂)ဦးမှာ အစာအဆိပ်သင့်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“နှစ်ယာက်ဆုံးသွားတယ် ၊ နှစ်ယောက်က ဆက်လက် ဆေးကုသမှုခံယူနေရတယ်၊ ကလေးတွေအားလုံးက ဘဲသားနဲ့ အာလူးချက်စားကြပြီး ဖရဲသီးကို ထပ်စားပြီး ဖြစ်တာလို့သိရတယ်၊ အသေးစိတ်ကို ကျန်းမာရေးဌာနနဲ့ ရဲတပ်ဖွဲ့တွေ၊ စစ်တပ်တွေက စစ်ဆေးနေတယ်”လို့ လပွတ္တာမြို့နယ် ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တဲ့ ကလေး(၄)ယောက်ထဲက မသက်ထားဦးနဲ့ မောင်ရဲဝင်းနိုင်တို့ကို လပွတ္တာမြို့နယ်၊ ကန်ဘက် တိုက်နယ်အဆင့်ဆေးရုံကနေတစ်ဆင့် လပွတ္တာမြို့ကုတင်(၂၀၀) ဆေးရုံကို ပြောင်းရွှေ့ကာ ဆက်လက်ကုသနေကြောင်း သိရပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*